လိြဳင္ေကာ္တြင္ လွ်ပ္စစ္ေရေႏြးတည္ရာမွ အပူလြန္ကဲၿပီး မီးေလာင္မႈျဖစ္၍ ေနအိမ္တစ္လံုးဆံုးရံႈး

လိြဳင္ေကာ္တြင္ လွ်ပ္စစ္ေရေႏြးတည္ရာမွ အပူလြန္ကဲၿပီး မီးေလာင္မႈျဖစ္၍ ေနအိမ္တစ္လံုးဆံုးရံႈး
မေ 16, 2019
By 🌸
ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕နယ္၊ ေဒါေပၚကလဲေက်းရြာအုပ္စု၊ ေဒါေဆာလိေက်းရြာတြင္ ၂၀၁၉ ခုနွစ္၊ ေမလ (၁၅) ရက္ေန႔ ည (၈)နာရီ ေက်ာ္ဝန္းက်င္က မီးေလာင္မႈေၾကာင့္ ေနအိမ္တစ္လုံး မီးေလာင္ကြၽမ္း သြားေၾကာင္း သိရသည္။

ေဒါေဆာလိေက်းရြာ႐ွိ  ဦးငါးရယ္၏ေနအိမ္တြင္ သမီးျဖစ္သူ ေဒၚကိုျမာက လွ်ပ္စစ္ေရေႏြးအိုးတည္ထားရာမွ အပူလြန္ကဲကာ ကာရံထားသည့္ ဝါးထရံကို မီးလာင္ကြၽမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္က်ြမ္းေသာေနရာသို႔ လိြဳင္ေကာ္ၿမိဳ႕မီးသတ္စခန္းမွ မီးသတ္တပ္ဖြဲ႕ဝင္(၃၀)ဦးျဖင့္ မီးသတ္ကား (၅)စီး၊ ေရသယ္ယာဥ္ (၁)စီးျဖင့္ျငိမ္းသတ္ခ့ဲရာ ည (၈း၃၀)နာရီအခ်ိန္တြင္မီးျငိမ္းသြားခဲ့ၿပီး ထိခိုက္ဒဏ္ရာရမႈ၊ ေသဆံုးမႈမရိွေၾကာင္း သိရသည္။

မီးအားေပါ့ဆစြာသုံးစြဲမႈျဖင့္ ဦးငါးရယ္အား လိြဳင္ေကာ္ျမိဳ႕မရဲစခန္း (ပ) ၁၃၇ / ၂၀၁၉ ၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ ျဖင့္ ေမလ (၁၅)ရက္ေန႔ ည (၁၀)နာရီခ်ိန္တြင္ အမွဳဖြင့္လွစ္ထားေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လွိုင်ကော်တွင် လျှပ်စစ်ရေနွေးတည်ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်၍ နေအိမ်တစ်လုံးဆုံးရှုံး
***********
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒေါပေါ်ကလဲကျေးရွာအုပ်စု၊ ဒေါဆောလိကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ မေလ (၁၅) ရက်နေ့ ည (၈)နာရီ ကျော်ဝန်းကျင်က မီးလောင်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ကျွမ်း သွားကြောင်း သိရသည်။

ဒေါဆောလိကျေးရွာရှိ  ဦးငါးရယ်၏နေအိမ်တွင် သမီးဖြစ်သူ ဒေါ်ကိုမြာက လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲကာ ကာရံထားသည့် ဝါးထရံကို မီးလာင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းသောနေရာသို့ လွိုင်ကော်မြို့မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦးဖြင့် မီးသတ်ကား (၅)စီး၊ ရေသယ်ယာဉ် (၁)စီးဖြင့်ငြိမ်းသတ်ခဲ့ရာ ည (၈း၃၀)နာရီအချိန်တွင်မီးငြိမ်းသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုမရှိကြောင်း သိရသည်။

မီးအားပေါ့ဆစွာသုံးစွဲမှုဖြင့် ဦးငါးရယ်အား လွိုင်ကော်မြို့မရဲစခန်း (ပ) ၁၃၇ / ၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် မေလ (၁၅)ရက်နေ့ ည (၁၀)နာရီချိန်တွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net