NCA အျမန္ဆုံး လက္မွတ္ထိုးရန္ KNPP အား NRPC အတြင္းေရးမွဴး တိုက္တြန္း

NCA အျမန္ဆုံး လက္မွတ္ထိုးရန္ KNPP အား NRPC အတြင္းေရးမွဴး တိုက္တြန္း
မေ 7, 2019
By Tachileik News Agency

ဖက္ဒရယ္စနစ္သို႔ ေျပာင္းလဲႏုိင္ရန္ NCA အျမန္ဆုံး လက္မွတ္ေရးထိုးသင့္ေၾကာင္း NRPC အတြင္းေရးမွဴး ဦးခင္ေဇာ္ဦး(  ဒုတိယဗိုလ္ခ်ဳပ္ႀကီး -ၿငိမ္း) က KNPP ကို တုိက္တြန္းလုိက္သည္။

ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕ တြင္ ၂၀၁၉ ခုႏွစ္၊ ေမလ (၆) ရက္ေန႔က ျပဳလုပ္ခဲ့သည့္ NRPC ၊ ျပည္နယ္အစိုးရ ႏွင့္ KNPPတို႔၏ ေတြ႔ဆုံညိႇႏိႈင္း အစည္းအေ၀းအၿပီး အပိတ္မိန္႔ခြန္းတြင္ ဖက္ဒရယ္စနစ္ကို သြားႏိုင္ရန္ လက္႐ွိအေျခေနတြင္ NCA ကိုအရင္ဆုံးလက္မွတ္ထိုးၿပီးမွသာ သြားႏိုင္မည္ျဖစ္ေၾကာင္း NRPC အတြင္းေရးမွဴး ဦးခင္ေဇာ္ဦး(  ဒုတိယဗိုလ္ခ်ဳပ္ႀကီး -ၿငိမ္း) ကေျပာၾကားခဲ့သည္။

" NCA ထိုးၿပီးတာနဲ႔ ဖက္ဒရယ္ ေရာက္သြားမလားဆို မေရာက္ႏိုင္ေသးပါဘူး။ NCA ဟာ တကယ္ေတာ့ ဝင္ေပါက္ ေလးတစ္ခုပါ။ သို႔ေသာ္ဖက္ဒရယ္ကို သြားခ်င္ရင္ NCA ကေနမဝင္ပဲ လက္ရွွိိအေျခေနမွာ သြားလို႔မရပါဘူး ။ ကြၽန္ေတာ္တို႔အားလုံးကလည္း သေဘာတူညီထားတဲ့ ဒီမိုကေရစီ နဲ႔ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ ျပည္ေထာင္စုႀကီး တည္ေဆာက္ ျကမယ္လို႔ အားလုံးက သေဘာတူညီထားလို႔ ဒီဟာကိုလုပ္ဖို႔ အားလုံးမွာတာဝန္ ႐ွိတယ္။ ဘယ္ပေရာဆက္နဲ႔သြားမွာလည္းဆို ကေန႔လက္႐ွိအေျခေနမွာေတာ့ NCA လုပ္ငန္းစဥ္နဲ႔ပဲ သြားဖို႔႐ွိပါတယ္ တစ္ျခား မရိွပါဘူး”ဟု NRPC အတြင္းေရးမွဴး ဦးခင္ေဇာ္ဦး(  ဒုတိယဗိုလ္ခ်ဳပ္ႀကီး -ၿငိမ္း) ကေျပာသည္။

KNPP ႏွင့္ NRPC၊ တပ္မေတာ္တို႔ ၂၀၁၉ ခုႏွစ္ မတ္လအတြင္း ေတြ႕ဆုံထားရာတြင္ႏွစ္ဖက္လုံးမွ မူအားျဖင့္ NCA အား အျမန္ဆုံးေရးထိုးႏိုင္ရန္သေဘာတူညီထားၿပီး ယခုအစည္းအေဝးတြင္ NCA လက္မွတ္ ေရးထိုးႏိုင္ေရးအထိ ေက်ေက်လည္လည္ ေဆြးေႏြးထားေၾကာင္း ႏုိင္ငံေတာ္သမၼတရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္  ဦးေဇာ္ေဌး ကလည္း ေျပာၾကားခဲ့သည္။

" တကယ္သာ NCA ကို လက္မွတ္ထိုးမယ္လို႔ စိတ္ဆုံးျဖတ္ထားတယ္ဆိုရင္ေတာ့ ျမန္ျမန္လက္မွတ္ထိုး လိုက္တာအေကာင္းဆုံးပါ ။ဘာေၾကာင့္လဲဆို အကန္႔သတ္မ႐ွိပဲ ပူးေပါင္းေဆာင္ရြက္ႏိုင္မွာ ျဖစ္ပါတယ္။ အခုဆို ပူးေပါင္းေဆာင္ရြက္မႈ႐ွိတယ္ဆိုေသာ္လည္း အခ်ိဳ႕အခ်ိဳ႕ အကန္႔အသက္ေတြ ကြၽန္ေတာ္တို႔မွာ ႐ွိေနပါတယ္။ NCA လက္မွတ္ ေရးထိုးျခင္းဟာ ယုံၾကည္မႈတည္ေဆာက္တာ ျဖစ္ပါတယ္။ အားလုံးက ျမန္ျမန္ဆန္ဆန္ေကာင္းေကာင္းမြန္မြန္ ေဆာင္ရြက္ႏိုင္တဲ့ အခြင့္အေရး က ကြၽန္ေတာ္တို႔ေ႐ွ႕မွာ ႐ွိေနတဲ့အတြက္ ကြၽန္ေတာ္တိုက္တြန္းလိုျခင္းျဖစ္ပါတယ္" ဟု ႏုိင္ငံေတာ္သမၼတရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္  ဦးေဇာ္ေဌးက ေျပာၾကားခဲ့သည္။

လက္႐ွိေဆြးေႏြးမႈအဆင့္ဆင့္တိုင္းမွာ NCAေရးထိုးႏိုင္ေရး အတြက္ျဖစ္ၿပီး ဆက္၍ ညိႇႏိႈင္းေဆြးေႏြးစရာမ်ားကိုသာ ဆက္လက္ ေဆြးေႏြးသြားမယ္ ဟု KNPP ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးေကာ္မတီမွ ေျပာေရးဆိုခြင့္႐ွိသူ နဲ႔နယ္ပလို က ေျပာသည္။

"ကြၽန္ေတာ္ ႀကိဳးပမ္းေနပါတယ္ ဒီလိုေဆြးေႏြးေနတာေတြဟာလည္း NCA လက္မွတ္ ေရးထိုးႏိုင္ဖို႔ ႀကိဳးပမ္းမႈတစ္ခုပဲ။ အလြတ္သေဘာေတြ႔တာေတြလည္း႐ွိမယ္။ ႏွစ္ဖက္ၾကားဆက္သြယ္တာမ်ိဳးေတြလည္း႐ွိမယ္။ႀကိဳးပမ္းမႈကေတာ့ ဆက္႐ွိေနမယ္ ေျပလည္ေအာင္လည္း ကြၽန္ေတာ္ တို႔ဆက္ညိႇစရာေတြလည္း ႐ွိပါတယ္ "ဟု KNPP ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးေကာ္မတီမွ ေျပာေရးဆိုခြင့္႐ွိသူ နဲ႔နယ္ပလို ကေျပာသည္။

NRPC ႏွင့္ KNPP ၊တပ္မေတာ္ တို႔ တစ္ဆက္တည္း မၾကာမီ ေတြ႔ဆုံေဆြးေႏြး ရန္ သေဘာတူညီထားၿပီး ယခုေမလအတြင္း ေတြ႔ဆုံရန္ အစိုးရဖက္မွ အဆိုျပဳထားေသာ္လည္း KNPP ဖက္မွ ဗဟိုေကာ္မတီအား ျပန္လည္တင္ျပရန္ လိုအပ္ေနေသးေသာေၾကာင့္ KNPP ဖက္မွ အေၾကာင္းျပန္ၾကားမႈေပၚ မူတည္၍ ေတြ႔ဆုံမည့္ အခ်ိန္ကာလအား သတ္မွတ္သြား ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဖက်ဒရယ်စနစ်သို့ ပြောင်းလဲနိုင်ရန် NCA အမြန်ဆုံး လက်မှတ်ရေးထိုးသင့်ကြောင်း NRPC အတွင်းရေးမှူး ဦးခင်ဇော်ဦး( ဒုတိယဗိုလ်ချုပ်ကြီး -ငြိမ်း) က KNPP ကို တိုက်တွန်းလိုက်သည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ တွင် ၂၀၁၉ ခုနှစ်၊ မေလ (၆) ရက်နေ့က ပြုလုပ်ခဲ့သည့် NRPC၊ ပြည်နယ်အစိုးရ နှင့် KNPPတို့၏ တွေ့ဆုံညှိနှိုင်း အစည်းအေဝးအပြီး အပိတ်မိန့်ခွန်းတွင် ဖက်ဒရယ်စနစ်ကို သွားနိုင်ရန် လက်ရှိအခြေနေတွင် NCA ကိုအရင်ဆုံးလက်မှတ်ထိုးပြီးမှသာ သွားနိုင်မည်ဖြစ်ကြောင်း NRPC အတွင်းရေးမှူး ဦးခင်ဇော်ဦး( ဒုတိယဗိုလ်ချုပ်ကြီး -ငြိမ်း) ကပြောကြားခဲ့သည်။

" NCA ထိုးပြီးတာနဲ့ ဖက်ဒရယ် ရောက်သွားမလားဆို မရောက်နိုင်သေးပါဘူး။ NCA ဟာ တကယ်တော့ ဝင်ပေါက် လေးတစ်ခုပါ။ သို့သော်ဖက်ဒရယ်ကို သွားချင်ရင် NCA ကနေမဝင်ပဲ လက်ရှိအခြေနေမှာ သွားလို့မရပါဘူး။ ကျွန်တော်တို့အားလုံးကလည်း သဘောတူညီထားတဲ့ ဒီမိုကရေစီ နဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက် ကြမယ်လို့ အားလုံးက သဘောတူညီထားလို့ ဒီဟာကိုလုပ်ဖို့ အားလုံးမှာတာဝန် ရှိတယ်။ ဘယ်ပရောဆက်နဲ့သွားမှာလည်းဆို ကနေ့လက်ရှိအခြေနေမှာတော့ NCA လုပ်ငန်းစဉ်နဲ့ပဲ သွားဖို့ရှိပါတယ် တစ်ခြား မရှိပါဘူး”ဟု NRPC အတွင်းရေးမှူး ဦးခင်ဇော်ဦး( ဒုတိယဗိုလ်ချုပ်ကြီး -ငြိမ်း) ကပြောသည်။

KNPP နှင့် NRPC၊ တပ်မတော်တို့ ၂၀၁၉ ခုနှစ် မတ်လအတွင်း တွေ့ဆုံထားရာတွင်နှစ်ဖက်လုံးမှ မူအားဖြင့် NCA အား အမြန်ဆုံးရေးထိုးနိုင်ရန်သဘောတူညီထားပြီး ယခုအစည်းအဝေးတွင် NCA လက်မှတ် ရေးထိုးနိုင်ရေးအထိ ကျေကျေလည်လည် ဆွေးနွေးထားကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကလည်း ပြောကြားခဲ့သည်။

" တကယ်သာ NCA ကို လက်မှတ်ထိုးမယ်လို့ စိတ်ဆုံးဖြတ်ထားတယ်ဆိုရင်တော့ မြန်မြန်လက်မှတ်ထိုး လိုက်တာအကောင်းဆုံးပါ။ဘာကြောင့်လဲဆို အကန့်သတ်မရှိပဲ ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အခုဆို ပူးပေါင်းဆောင်ရွက်မှုရှိတယ်ဆိုသော်လည်း အချို့အချို့ အကန့်အသက်တွေ ကျွန်တော်တို့မှာ ရှိနေပါတယ်။ NCA လက်မှတ် ရေးထိုးခြင်းဟာ ယုံကြည်မှုတည်ဆောက်တာ ဖြစ်ပါတယ်။ အားလုံးက မြန်မြန်ဆန်ဆန်ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်တဲ့ အခွင့်အရေး က ကျွန်တော်တို့ရှေ့မှာ ရှိနေတဲ့အတွက် ကျွန်တော်တိုက်တွန်းလိုခြင်းဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားခဲ့သည်။

လက်ရှိဆွေးနွေးမှုအဆင့်ဆင့်တိုင်းမှာ NCAရေးထိုးနိုင်ရေး အတွက်ဖြစ်ပြီး ဆက်၍ ညှိနှိုင်းဆွေးနွေးစရာများကိုသာ ဆက်လက် ဆွေးနွေးသွားမယ် ဟု KNPP ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ နဲ့နယ်ပလို က ပြောသည်။

"ကျွန်တော် ကြိုးပမ်းနေပါတယ် ဒီလိုဆွေးနွေးနေတာတွေဟာလည်း NCA လက်မှတ် ရေးထိုးနိုင်ဖို့ ကြိုးပမ်းမှုတစ်ခုပဲ။ အလွတ်သဘောတွေ့တာတွေလည်းရှိမယ်။ နှစ်ဖက်ကြားဆက်သွယ်တာမျိုးတွေလည်းရှိမယ်။ကြိုးပမ်းမှုကတော့ ဆက်ရှိနေမယ် ပြေလည်အောင်လည်း ကျွန်တော် တို့ဆက်ညှိစရာတွေလည်း ရှိပါတယ် "ဟု KNPP ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ နဲ့နယ်ပလို ကပြောသည်။

NRPC နှင့် KNPP၊တပ်မတော် တို့ တစ်ဆက်တည်း မကြာမီ တွေ့ဆုံဆွေးနွေး ရန် သဘောတူညီထားပြီး ယခုမေလအတွင်း တွေ့ဆုံရန် အစိုးရဖက်မှ အဆိုပြုထားသော်လည်း KNPP ဖက်မှ ဗဟိုကော်မတီအား ပြန်လည်တင်ပြရန် လိုအပ်နေသေးသောကြောင့် KNPP ဖက်မှ အကြောင်းပြန်ကြားမှုပေါ် မူတည်၍ တွေ့ဆုံမည့် အချိန်ကာလအား သတ်မှတ်သွား နိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net