နေပြည်တော်တွင် ဟိုက်ဒရိုကလိုရစ်အက်ဆစ် (၉၉၀၀) လီတာကို ဖမ်းဆီးရမိ

နေပြည်တော်တွင် ဟိုက်ဒရိုကလိုရစ်အက်ဆစ် (၉၉၀၀) လီတာကို ဖမ်းဆီးရမိ
နိုဝင်ဘာ 28, 2019
By Tachileik News Agency
နေပြည်တော်တွင် ဟိုက်ဒရိုကလိုရစ်အက်ဆစ် (၉၉၀၀) လီတာကို ဖမ်းဆီးရမိ

နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ဟိုက်ဒရိုကလိုရစ်အက်ဆစ် (၉၉၀၀) လီတာကို မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၂၇) ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

ပူးပေါင်းစစ်ဆေးရေးအဖွဲ့က နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက် (၁၀)နာရီခွဲဝန်းကျင်တွင် သာဝတ္ထိ - ပျဉ်းမနားမြို့ရှောင်လမ်းနှင့် နေပြည်တော်လေဆိပ်လမ်းဆုံ၌ သာဝတ္ထိမြို့ဘက်မှ ပျဉ်းမနားမြို့ဘက်သို့ မောင်းနှင်လာသည့် (၁၂) ဘီးမော်တော်ယာဉ်ကို စစ်ဆေးရာ ကော်ပုံးများဖြင့်ထည့်ထားသည့် ဟိုက်ဒရိုကလိုရစ်အက်စစ် (၉၉၀၀) လီတာကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်ဟု သိရသည်။

ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် ဟိုက်ဒရိုကလိုရစ်အက်ဆစ်များ သယ်ဆောင်လာသည့် ယာဉ်မောင်း ရဲမြင့် (ခ) မိုဟာမက်ကို  အေလာနယ်မြေ ရဲစခန်းတွင် မယ(ပ)၁/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၆(ခ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရာဘာလုပ်ငန်းငန်းကဲ့သို့ စက်မှုကုန်ထုတ်လုပ်ငန်းအချို့အတွက် အသုံးပြုနေသည့် ဟိုက်ဒရိုကလိုရစ် အက်ဆစ်မှာ မူးယစ်ဆေးထုတ်လုပ်ရာတွင်လည်း အသုံးပြုနိုင်သည့်အတွက် ထိန်းချုပ်ဓါတုပစ္စည်းအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပြီး စက်မှုလုပ်ငန်းများအတွက် လိုအပ်ပါက အထူးခွင့်ပြုချက်ဖြင့် တင်သွင်းရခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~