ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​​မော့ဆို(DMO-PDF) တပ်ရင်း(B) မွမ်းမံသင်တန်းဆင်း

ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​​မော့ဆို(DMO-PDF) တပ်ရင်း(B) မွမ်းမံသင်တန်းဆင်း
နိုဝင်ဘာ 19, 2021 | နိုင်ငံရေး| ကယား
By Tachileik News Agency

အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)လမ်းညွှန်မှု​အောက်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF) တပ်ရင်း၏ မွမ်းမံသင်တန်းကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၁၉)ရက်နေ့တွင် သင်တန်းဆင်းပြီဖြစ်ကြောင်း သိရသည်။

 

ပြည်သူ့အာဏာကို မတရားသိမ်းယူ၊ ဖမ်းဆီး၊ သတ်ဖြတ်ခဲ့​သော အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ကို အစွမ်းကုန်ကြိုးစားတိုက်ထုတ်သွားမည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုက​ရေစီ ပန်းတိုင်​ရောက်​အောင် ကျွန်ုပ်တို့ (DMO-PDf) တပ်ဖွဲ့အ​နေဖြင့် ကြိုးစားသွားမည်ဟု သစ္စာပြု၍ စစ်ကြောင်းချီတက်ကာ အခမ်းအနားကို ကျင်းပကြောင်း သိရသည်။

ပြည်သူ့ဆန္ဒမဲပယ်ဖျက်ပြီး နိုင်ငံ့အာဏာသိမ်းထားသည့် စစ်တပ်က စစ်အာဏာသိမ်းမှုလက်မခံသည့် ပြည်သူများအား လက်နက်ဖြင့် အကြမ်းဖက်သတ်ဖြတ်နှိမ်နှင်းမှုများကြောင့် လက်နက်ကိုင် ခုခံသည့် ပြည်သူ့တော်လှန်ရေးအင်အားစုများ ထွက်ပေါ်လာခြင်းဖြစ်သည်။