က်ဳိင္းတံုၿမိဳ႕နယ္ မိုင္းဇင္းေက်းရြာအုပ္စုအတြင္း၌ အမ်ဳိးသားတစ္ဦးအား မူးယစ္ေဆး၀ါးျဖင့္ ဖမ္းဆီးရမိ

က်ဳိင္းတံုၿမိဳ႕နယ္ မိုင္းဇင္းေက်းရြာအုပ္စုအတြင္း၌ အမ်ဳိးသားတစ္ဦးအား မူးယစ္ေဆး၀ါးျဖင့္ ဖမ္းဆီးရမိ
မေ 6, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ဳိင္းတံုၿမိဳ႕နယ္၊ မိုင္းဇင္းေက်းရြာအုပ္စု၊ ၀မ္မုန္႔ေက်းရြာတြင္ မူးယစ္ေဆး၀ါး သံုးစြဲေရာင္းခ်ေနေၾကာင္း သတင္းအရ သြားေရာက္ ရွာေဖြစစ္ေဆးရာမွ အမ်ဴိးသားတစ္ဦးအား မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ၂၀၁၉ခုႏွစ္ ေမလ(၆)ရက္ေန႔ ညေန(၅)နာရီခြဲ၀န္းက်င္အခ်ိန္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၂၈)က်ဳိင္းတံံုမွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႔တို႔က က်ဳိင္းတံုၿမိဳ႕နယ္၊ မိုင္းဇင္းေက်းရြာအုပ္စု၊ ၀မ္မုန္႔ေက်းရြာတြင္းရွိ အားယို႔၏ ေနအိမ္အား ၀င္ေရာက္ရွာေဖြစစ္ေဆးရာမွ ၎အား ေနအိမ္ေရွ႕ခန္းတြင္ ထိုင္လ်က္ျဖင့္ ေတြ႔ရွိရၿပီး ၎ေရွ႕ၾကမ္းျပင္ေပၚတြင္ စိတ္ၾကြေဆးျပား (၂၀)ျပား ႏွင့္ ေငြက်ပ္(၂၆,၀၀၀)အျပင္ မူးယစ္ေဆး၀ါးသံုးစြဲရာတြင္ အသံုးျပဳသည့္ ပစၥည္းတို႔အား ေတြ႔ရွိ သိမ္းဆည္းရမိေၾကာင္း သိရသည္။

ယင္းအျပင္ ၎၏ အိပ္ခန္းအတြင္း ေခါင္းရင္းမွ ဘိန္းစိမ္း (၃၁၀)ဂရမ္အား ထပ္မံေတြ႔ရွိသိမ္းဆည္းရေၾကာင္း သိရသည္။

ဆက္လက္၍ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၄၁)ႏွစ္ရွိ အားယို႔ ဆိုသူအား စစ္ေဆးမႈမ်ားျပဳလုပ္ၿပီး က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၁၂/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)အရ အမႈဖြင့္အေရးယူထားရွိေၾကာင္းႏွင့္ ၎အား က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ ဖမ္းဆီးထားရွိေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ဝမ်မုန့်ကျေးရွာတွင် မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေကြောင်း သတင်းအရ သွားရောက် ရှာဖွေစစ်ဆေးရာမှ အမျိူးသားတစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ၂၀၁၉ခုနှစ် မေလ(၆)ရက်နေ့ ညနေ(၅)နာရီခွဲဝန်းကျင်အချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့က ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ဝမ်မုန့်ကျေးရွာတွင်းရှိ အားယို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးရာမှ၎င်းအား နေအိမ်ရှေ့ခန်းတွင် ထိုင်လျက်ဖြင့် တွေ့ရှိရပြီး၎င်းရှေ့ကြမ်းပြင်ပေါ်တွင် စိတ်ကြွဆေးပြား (၂၀)ပြား နှင့် ငွေကျပ်(၂၆,ဝဝဝ)အပြင် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းတို့အား တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းအပြင်၎င်း၏ အိပ်ခန်းအတွင်း ခေါင်းရင်းမှ ဘိန်းစိမ်း (၃၁၀)ဂရမ်အား ထပ်မံတွေ့ရှိသိမ်းဆည်းရကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၄၁)နှစ်ရှိ အားယို့ ဆိုသူအား စစ်ဆေးမှုများပြုလုပ်ပြီး ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၁၂/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)အရ အမှုဖွင့်အရေးယူထားရှိကြောင်းနှင့်၎င်းအား ကျိုင်းတုံမြို့မရဲစခန်းတွင် ဖမ်းဆီးထားရှိကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net