တာခ်ီလိတ္ခရိုင္ က်ိဳင္းလပ္ၿမိဳ႕တြင္ လမ္းေဘးေစ်းဆုိင္အား ေမာ္ေတာ္ယာဥ္ဝင္တုိက္၍ ေစ်းေရာင္းေနသည့္ မိန္းကေလးအပါအဝင္ (၂)ဦး ဒဏ္ရာရ

တာခ်ီလိတ္ခရိုင္ က်ိဳင္းလပ္ၿမိဳ႕တြင္ လမ္းေဘးေစ်းဆုိင္အား ေမာ္ေတာ္ယာဥ္ဝင္တုိက္၍ ေစ်းေရာင္းေနသည့္ မိန္းကေလးအပါအဝင္ (၂)ဦး ဒဏ္ရာရ
ဧပြီ 18, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္၊ က်ိဳင္းလပ္ၿမိဳ႕၊ မုိင္းပါလွ်ိဳးေက်းရြာအုပ္စု၊ ဝမ္မီးမုိင္ေက်းရြာတြင္ ကားလမ္းေဘးမွ ေစ်းဆုိင္ကို ေမာ္ေတာ္ယာဥ္တစ္စီးက ဝင္တုိက္သျဖင့္ ေစ်းေရာင္းေနသည့္ အသက္ (၁၉)ႏွစ္အရြယ္ မိန္းကေလးႏွင့္ ယာဥ္ေပၚလုိက္ပါလာသည့္ အမ်ိဳးသမီးတစ္ဦးတို႔ ဒဏ္ရာရသြားေၾကာင္း သိရသည္။

ဝမ္မီးမိုင္ေက်းရြာ တာေလ - က်ိဳင္းလပ္ကားလမ္းေဘးရိွ ေနအိမ္မွေစ်းဆုိင္ကို ေမာ္ေတာ္ယာဥ္တစ္စီး ဝင္တုိက္မိေၾကာင္း မုိင္းပါလွ်ိဳးနယ္ေျမရဲစခန္းသို႔ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၇)ရက္ေန႔ ညေန (၄)နာရီ (၄၅)မိနစ္တြင္ သတင္းေပးလာသျဖင့္ အခင္းျဖစ္ေနရာအား သြားေရာက္စစ္ေဆးရာ က်ိဳင္းလပ္ဘက္မွ တာေလဘက္သို႔ စိုင္းထြီေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္သည္ လမ္းအေကြ႕တြင္ အရွိန္မထိန္းႏုိင္ဘဲ ေနအိမ္ေစ်းဆုိင္အား ဝင္တုိက္ထားသည္ကို ေတြ႔ရေၾကာင္း သိရသည္။

ယာဥ္တုိက္မႈေၾကာင့္ ေစ်းေရာင္းေနသည့္ အသက္(၁၉)ႏွစ္အရြယ္ မေထြးေထြးေဝမွာ ဒဏ္ရာအျပင္းအထန္ရသြားကာ စိုးရိမ္ရသည့္အေျခအေနတြင္ရိွေနၿပီး ယာဥ္ေပၚတြင္လုိက္ပါလာသည့္ စိုင္းထြီ၏ဇနီး ေဒၚအီလွမွာ ဒဏ္ရာအနည္းငယ္ရသြားေၾကာင္း သိရသည္။

ဒဏ္ရာရသူမ်ားကို တာေလျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္၍ ကုသေပးထားၿပီး ယာဥ္ေမာင္း စိုင္းထြီကို မိုင္းပါလွ်ိဳးနယ္ေျမရဲစခန္းတြင္ ယာဥ္(ပ) ၁/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၇/၃၃၈ အရ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု -  KHS



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ ဝမ်မီးမိုင်ကျေးရွာတွင် ကားလမ်းဘေးမှ ဈေးဆိုင်ကို မော်တော်ယာဉ်တစ်စီးက ဝင်တိုက်သဖြင့် ဈေးရောင်းနေသည့် အသက် (၁၉)နှစ်အရွယ် မိန်းကလေးနှင့် ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရသွားကြောင်း သိရသည်။

ဝမ်မီးမိုင်ကျေးရွာ တာလေ - ကျိုင်းလပ်ကားလမ်းဘေးရှိ နေအိမ်မှဈေးဆိုင်ကို မော်တော်ယာဉ်တစ်စီး ဝင်တိုက်မိကြောင်း မိုင်းပါလျှိုးနယ်မြေရဲစခန်းသို့ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့ ညနေ (၄)နာရီ (၄၅)မိနစ်တွင် သတင်းပေးလာသဖြင့် အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးရာ ကျိုင်းလပ်ဘက်မှ တာလေဘက်သို့ စိုင်းထွီမောင်းနှင်လာသည့် မော်တော်ယာဉ်သည် လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ နေအိမ်ဈေးဆိုင်အား ဝင်တိုက်ထားသည်ကို တွေ့ရကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဈေးရောင်းနေသည့် အသက်(၁၉)နှစ်အရွယ် မထွေးထွေးဝေမှာ ဒဏ်ရာအပြင်းအထန်ရသွားကာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိနပြေီး ယာဉ်ပေါ်တွင်လိုက်ပါလာသည့် စိုင်းထွီ၏ဇနီး ဒေါ်အီလှမှာ ဒဏ်ရာအနည်းငယ်ရသွားကြောင်း သိရသည်။

ဒဏ်ရာရသူများကို တာလပြေည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ကုသပေးထားပြီး ယာဉ်မောင်း စိုင်းထွီကို မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် ယာဉ်(ပ) ၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ အရ အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - KHS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net