တာချီလိတ်မြို့တွင် ဆိုင်ကယ်တစ်စီး ခိုးခံရ

တာချီလိတ်မြို့တွင် ဆိုင်ကယ်တစ်စီး ခိုးခံရ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် ပါလျှံ (၂)ရှိ နေအိမ်အခန်းငှားတွင် ရပ်ထားသည့် ဆိုင်ကယ်တစ်စီး ယနေ့ ၂၀၂၁ ခုနှစ်၊ မေလ (၂၆) ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်က ခိုးယူခံလိုက်ရကြောင်း သိရသည်။

အင်္ကျီအဖြူနဲ့ကောင်လေးတစ်ယောက် အပေါ်ထပ်ကို တက်သွားတာ ပြန်ဆင်းလာပြီး ဆိုင်ကယ်ကို စက်ဖွင့်ပြီး မောင်းသွားတယ်။ အိမ်ခန်းငှားဘေးက မုန့်ဆိုင်မှာတောင် နေကြာစိဝယ်သွားတယ် ပြောတယ်

ဟု ဆိုင်ကယ်ပျောက်သွားသည့်ဖြစ်စဉ်ကို အနီးဝန်းကျင်တွင် နေထိုင်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

ပါလျှံ(၂)အိမ်ခန်းငှားရှေ့တွင် ရပ်ထားသည့် လိုင်စင်နံပါတ် SHN 28112 ၊ အနီနှင့်အနက် Zoomer X ဆိုင်ကယ်အမျိုးအစား အင်ဂျင်နံပါတ် JE62E 0264646၊ ဘောင်အမှတ် MLHJF 6200J5264646  ဖြစ်ပြီး တွေ့ရှိသူများအနေဖြင့် ဖုန်း 09 446240836 သို့လည်းကောင်း၊ 09 261990834 သို့လည်းကောင်း ဆက်သွယ်ပေးကြရန်ကိုလည်း ဆိုင်ကယ်ပိုင်ရှင်ဖြစ်သူက မေတ္တာရပ်ခံထားသည်။

ညမထွက်ရအမိန့်ထုတ်ပြီး ရဲတပ်ဖွဲ့က  ညစဉ်ညတိုင်းနီးပါး အမိန့်ချိုးဖေါက်သူများအား စောင့်ဆိုင်းဖမ်းဆီးမှုများလုပ်နေသည့် နယ်စပ်မြို့ တာချီလိတ်တွင် ဆိုင်ကယ်များ နေ့စဉ်ခိုးခံနေရပြီး   ပြန်လည်ဖမ်းဆီးရမိခြင်း မရှိသလောက်နည်းပါးသည်ကိုလည်း တွေ့ရသည်။