ကျောက်မဲမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘုရားကျောင်းဆောင်တစ်ခု အပါအ၀င် လူနေအိမ်(၁၅)လုံးဝန်းကျင် သွပ်မိုးလန်ပျက်စီး

ကျောက်မဲမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘုရားကျောင်းဆောင်တစ်ခု အပါအ၀င် လူနေအိမ်(၁၅)လုံးဝန်းကျင် သွပ်မိုးလန်ပျက်စီး
မေ 22, 2019
By Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ ကျောက်မဲမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှု ၂၀၁၉ခုနှစ် မေလ(၂၂)ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားသည့်အတွက် ဘုရားကျောင်းဆောင်တစ်ခု အပါအ၀င် နေအိမ်အချို့ သွပ်မိုးများ လန်သွားကြောင်း သိရသည်။

ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စု ပင်တီးကျေးရွာတွင် ဘုရားကျောင်းဆောင်တစ်ခု ပြိုကျ ပျက်စီး ခဲ့ကာ ဥာဏ်တော် ( ၃ )ပခန့်ရှိ စကျင်ကျောက်ဆင်းတုတော်တစ်ဆူပျက်စီးခဲ့ပြီး နေအိမ် (၁၅)လုံးဝန်းကျင် သွပ်မိုးများ လန်သွားခဲ့ကြောင်း သိရသည်။

"ပင်တီးကျေးရွာမှာ လေပြင်းနဲ့ မိုးရွာတာကြောင့် အိမ်က (၁၅)လုံးလောက် သွပ်မိုးတွေလန်သွားတယ်၊ လူတွေဘာတွေတော့ အထိအခိုက်မရှိပါဘူး၊ နည်းနည်းသေးတဲ့ တဲအိမ်အချို့ကတော့ ပြိုလဲသွားတယ်၊ ဆင်းတုတော်တစ်ဆူက ခေါင်းပြတ်ကျသွားတယ်၊ ဒေသခံအချင်းချင်းပဲ ရှင်းလင်းရေးလုပ်နေရတယ်၊ ပျက်စီးသွားတာ အတိအကျမသိရသေးဘူး"ဟု မိုင်းတင်းကျေးရွာတွင် နေထိုင်သူ  ကိုမောင်စိုးက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။



ကျောက်မဲမြို့တွင်းရှိ အမှတ် (၆)ရပ်ကွက်( ဘူတာအနီး)၊ အမှတ် (၈)ရပ်ကွက်ရှိ ရွှေစေတီရပ်၊ အမှတ် (၃)ရပ်ကွက်ရှိ မန်နားရပ်နှင့် နမ့်ဟူးတောင်းရပ်တို့တွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ခေါင်မိုးများလန်သွားခဲ့ကြောင်း သိရသည်။

သတင်း - နေဖြိုးမြင့်



~~~~~~~~⊰❂ Unicode Version ~~~~~~~~



ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ ကျောက်မဲမြို့နယ်အတွင်း လပြေင်းတိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှု ၂၀၁၉ခုနှစ် မေလ(၂၂)ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားသည့်အတွက် ဘုရားကျောင်းဆောင်တစ်ခု အပါအဝင် နေအိမ်အချို့ သွပ်မိုးများ လန်သွားကြောင်း သိရသည်။

ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စု ပင်တီးကျေးရွာတွင် ဘုရားကျောင်းဆောင်တစ်ခု ပြိုကျ ပျက်စီး ခဲ့ကာ ဉာဏ်တော် ( ၃ )ပခန့်ရှိ စကျင်ကျောက်ဆင်းတုတော်တစ်ဆူပျက်စီးခဲ့ပြီး နေအိမ် (၁၅)လုံးဝန်းကျင် သွပ်မိုးများ လန်သွားခဲ့ကြောင်း သိရသည်။

"ပင်တီးကျေးရွာမှာ လပြေင်းနဲ့ မိုးရွာတာကြောင့် အိမ်က (၁၅)လုံးလောက် သွပ်မိုးတွေလန်သွားတယ်၊ လူတွေဘာတွေတော့ အထိအခိုက်မရှိပါဘူး၊ နည်းနည်းသေးတဲ့ တဲအိမ်အချို့ကတော့ ပြိုလဲသွားတယ်၊ ဆင်းတုတော်တစ်ဆူက ခေါင်းပြတ်ကျသွားတယ်၊ ဒေသခံအချင်းချင်းပဲ ရှင်းလင်းရေးလုပ်နေရတယ်၊ ပျက်စီးသွားတာ အတိအကျမသိရသေးဘူး"ဟု မိုင်းတင်းကျေးရွာတွင် နေထိုင်သူ ကိုမောင်စိုးက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ယင်းအပြင် အမှတ် ( ၈ )ရပ်ကွက်ရှိ အမှတ် ( ၁) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင်လည်း သစ်ပင်ကြီး တစ်ပင် ကျိုးကျ၍ ကျောက်မဲခရိုင်မီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးသွားရောက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

"အမှတ် (၃)ရပ်ကွက်၊ နယ်မြေ (၁၀)က မန်နားကျေးရွာမှာတော့ နေအိမ် (၃)လုံး အမိုးတွေပျက်စီးသွားပါတယ်၊ ရှာဖွေကယ်ဆယ်ရေး ပြုလုပ်တဲ့နေရာမှာ လူနဲ့အခြားသက်ရှိတော့ ထိခိုက်တာမတွေ့ရပါဘူး၊ ဘူတာအနီးက ဝန်ထမ်းအဆောက်အဦးပေါ်ကို သစ်ပင်လဲကျလို့ သွားပြီးတော့ ရှင်းလင်းရေးလုပ်ဆောင်ပေးနေပါတယ်"ဟု ကျောက်မဲခရိုင် မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီး စိုင်းဆိုင်ဝမ်းက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ကျောက်မဲမြို့တွင်းရှိ အမှတ် (၆)ရပ်ကွက်( ဘူတာအနီး)၊ အမှတ် (၈)ရပ်ကွက်ရှိ ရွှေစေတီရပ်၊ အမှတ် (၃)ရပ်ကွက်ရှိ မန်နားရပ်နှင့် နမ့်ဟူးတောင်းရပ်တို့တွင်လည်း လပြေင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ခေါင်မိုးများလန်သွားခဲ့ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကျောက်မဲခရိုင်မီးသတ်တပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net