ကျောက်မဲတွင် ဈေးရောင်း၊ဈေးဝယ်များ Mask မတပ်ပါက ဒဏ်ရိုက်အရေးယူမှု စတင်သည့်နေ့၌ (၈၂)ဦးကို အရေးယူထားရ

ကျောက်မဲတွင် ဈေးရောင်း၊ဈေးဝယ်များ Mask မတပ်ပါက ဒဏ်ရိုက်အရေးယူမှု စတင်သည့်နေ့၌ (၈၂)ဦးကို အရေးယူထားရ
အောက်တိုဘာ 14, 2020
By 🌸
ကျောက်မဲတွင် ဈေးရောင်း၊ဈေးဝယ်များ Mask မတပ်ပါက ဒဏ်ရိုက်အရေးယူမှု စတင်သည့်နေ့၌ (၈၂)ဦးကို အရေးယူထားရ
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဈေးရောင်း၊ ဈေးဝယ် သူများ Msak (နှာခေါင်းစည်း) မတပ်ပါက ကျပ် (၂၀၀) ဒဏ်ရိုက်သည့်စနစ်ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့ကစတင်ရာ မလိုက်နာ၍ဒဏ်ငွေပေးဆောင်ရသူ (၈၂) ဦးရှိကြောင်း သိရသည်။

“ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်ရးအတွက် ဈေးသည်တွေ၊ ဈေးဝယ်သူတွေ Mask တပ်ဆင်ထားခြင်း မရှိရင် ကျပ် (၂၀၀) ဒဏ်ငွေဆောင်စေတာကို ဒီနေ့ စတင်လုပ်ဆောင်တာ ဖြစ်ပါတယ်။ Mask မတပ်သူ စုစုပေါင်း (၈၂) ဦးကို ဒဏ်ငွေဆောင်စေခဲ့ပြီး အဲဒီဒဏ်ငွေတွေကို မြို့နယ် COVID 19 ကော်မတီထံ အပ်နှံသွားမှာပါ။ နောက်ရက်တွေမှာလည်း အဲဒီလို လိုက်လံစစ်ဆေးကြပ်မတ်တာတွေ ဆက်လုပ်သွားမှာပါ” 

ဟု ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျောက်မဲမြို့နယ် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဈေးဆိုင်များနှင့် ဆိုင်ခန်းများတွင် ရောင်းသူ၊ ဝယ်သူများ Mask မဖြစ်မနေ တပ်ဆင်ကြရမည်ဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးဌာနက ဦးဆောင်သည့် ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

“တစ်ခြားမြို့တွေမှာလုပ်သလို ကျောက်မဲမြို့ပေါ်မှာလည်း လမ်းသွားလမ်းလာတွေ Mask မတပ်ရင် ဒဏ်ငွေ (၂၀၀) ဒဏ်ရိုက်တာမျိုး လုပ်ဖို့ရှိပါတယ်။ လတ်တလောမှာက ဒေသအခြေအနေ အကြောင်းကြောင်းကြောင့် အဲဒီကိစ္စကို မလုပ်နိုင်သေးတာပါ” 

ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူနှင့် ကိုဗစ်ရောဂါကြောင့် သေဆုံးသူဦးရေ များပြား လာသည့်အတွက် လူအသွားအလာများသည့် ဈေးများတွင် ကြီးကြပ်ခြင်းအပါအဝင်  Covid ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းများကို မြို့နယ် COVID-19 တားဆီးကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက ဆောင်ရွက်နေကြခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~