ေက်ာက္မဲ - မိုးကုတ္သြားရာလမ္းတြင္ ေမာ္ေတာ္ယာဥ္ငယ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာက မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ

ေက်ာက္မဲ - မိုးကုတ္သြားရာလမ္းတြင္ ေမာ္ေတာ္ယာဥ္ငယ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာက မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ
မေ 29, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲ - မိုးကုတ္သြားရာလမ္းတြင္ သက္ဆိုင္ရာက ေရွာင္တခင္စစ္ေဆးမႈမ်ား ျပဳလုပ္စဥ္ အိမ္စီးယာဥ္ငယ္ေမာင္းလာသည့္ အမ်ဳိးသားတစ္ဦးအား မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ၂၀၁၉ခုႏွစ္ ေမလ(၂၈)ရက္ေန႔ ညပိုင္းက ဖမ္းဆီးရမိ၍ ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူ စစ္ေဆးေနေၾကာင္း သိရသည္။

ေက်ာက္မဲ - မိုးကုတ္သြားရာလမ္းေပၚရွိ ၿပိန္းခါးေက်းရြာတြင္ ၂၀၁၉ခုႏွစ္ ေမလ(၂၈)ရက္ေန႔ ညပိုင္းက စစ္ဘက္ဆိုင္ရာတာ၀န္ရွိသူမ်ားက ေမာ္ေတာ္ယာဥ္မ်ားအား ရပ္တန္႔စစ္ေဆးရွာေဖြမႈမ်ား ျပဳလုပ္ရာ အိမ္စီးယာဥ္ငယ္တစ္စီး၏ ယာဥ္ေနာက္ခန္းတြင္ ဘိန္းျဖဴမ်ား ထည့္ထားသည့္ၿပီး စုစုေပါင္း အေလးခ်ိန္ (၂၂၀)ဂရမ္ရွိသည့္ ဆပ္ျပာခြက္ (၂၂)ခြက္ ႏွင့္အတူ ယာဥ္ပိုင္ရွင္အား ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၂၇)ႏွစ္ရွိ ေအာင္မိန္းအား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ ( ပ )၂၄/ ၂၀၁၉၊ မူး/စိတ္ ပုဒ္မ ၁၉( က )အရ  အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - KHS


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ - မိုးကုတ်သွားရာလမ်းတွင် သက်ဆိုင်ရာက ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်စဉ် အိမ်စီးယာဉ်ငယ်မောင်းလာသည့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ၂၀၁၉ခုနှစ် မေလ(၂၈)ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိ၍ ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ စစ်ဆေးနေကြောင်း သိရသည်။

ကျောက်မဲ - မိုးကုတ်သွားရာလမ်းပေါ်ရှိ ပြိန်းခါးကျေးရွာတွင် ၂၀၁၉ခုနှစ် မေလ(၂၈)ရက်နေ့ ညပိုင်းက စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများက မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးရှာဖွေမှုများ ပြုလုပ်ရာ အိမ်စီးယာဉ်ငယ်တစ်စီး၏ ယာဉ်နောက်ခန်းတွင် ဘိန်းဖြူများ ထည့်ထားသည့်ပြီး စုစုပေါင်း အလေးချိန် (၂၂၀)ဂရမ်ရှိသည့် ဆပ်ပြာခွက် (၂၂)ခွက် နှင့်အတူ ယာဉ်ပိုင်ရှင်အား ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၂၇)နှစ်ရှိ အောင်မိန်းအား ကျောက်မဲမြို့မရဲစခန်းတွင် ( ပ )၂၄/ ၂၀၁၉၊ မူး/စိတ် ပုဒ်မ ၁၉( က )အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - KHS 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net