ကျောက်မဲမြို့ကို ဝင်နိုင်သည့် ပင်လုံလမ်းမကြီးက လွဲ၍ ကျန်သည့်လမ်းများအားလုံးကို စက်တင်ဘာလ(၁၀)ရက်နေ့ကစ၍ ပိတ်မည်

ကျောက်မဲမြို့ကို ဝင်နိုင်သည့် ပင်လုံလမ်းမကြီးက လွဲ၍ ကျန်သည့်လမ်းများအားလုံးကို စက်တင်ဘာလ(၁၀)ရက်နေ့ကစ၍ ပိတ်မည်
စက်တင်ဘာ 9, 2020
By Tachileik News Agency

 

ကျောက်မဲမြို့ကို ဝင်နိုင်သည့် ပင်လုံလမ်းမကြီးက လွဲ၍ ကျန်သည့်လမ်းများအားလုံးကို စက်တင်ဘာလ(၁၀)ရက်နေ့ကစ၍  ပိတ်မည်

ရှမ်းပြည်နယ်(မြောက်ပိုင်း ) ကျောက်မဲမြို့သို့ ဝင်နိုင်သည့်လမ်းများကို ပင်လုံလမ်းမကြီးမှလွဲ၍ ကျန်လမ်းများအားလုံးကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့မှစ၍ ပိတ်ထားမည်ဖြစ်သည်။
“ရောဂါကာကွယ်ထိန်းချုပ်ရေး တင်းကြပ်တဲ့အနေနဲ့ အရင်တစ်ခေါက်ကလိုမျိုး မြို့အဝင်လမ်းတွေကို ပိတ်ထားတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သီးသန့်နေအိမ်မှာနေရမှာကို စည်းကမ်း မလိုက်နာကြတဲ့ ရန်ကုန် အဝေးပြေး ယာဉ်လိုင်းက ယာဉ်မောင်း/ ယာဉ်အကူတွေနဲ့ ပတ်သက်လို့လည်း ယာဉ်လိုင်းပိုင်ရှင်တွေကို ဒီနေ့ပဲ အစည်း အဝေးခေါ်ယူ သတိပေးထားပါတယ်။ သတိပေးပြီးနောက်ပိုင်းအထိ စည်းကမ်းမလိုက်နာရင်တော့ ကော်မတီ စည်းကမ်းအရ အရေးယူမှာ ဖြစ်ပါတယ်” ဟု မြို့နယ် COVID ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဌ ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီ သို့ စက်တင်ဘာလ (၉)ရက်နေ့၌ ပြောသည်။
ဒေသတွင်း COVID 19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အခြားဒေသမှ လာရောက်သူများကို မြို့အဝင်တွင် ကျန်းမာရေးစစ်ဆေးခြင်း၊ မည်သည့်ဒေသမှလာသည်ကို သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးအထောက်အထားဖြင့် စစ်ဆေးခြင်းများ လုပ်ဆောင်မည်ဖြစ်၍ ပင်လုံလမ်းမကြီးတစ်ခုတည်းကိုသာ ဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။
COVID 19 ပြည်တွင်းကူးစက်မှု အများအပြားတွေ့နေရသည့်ဒေသများမှ လာရောက်သူများကို အသွားအလာကန့်သတ်၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်းကိုလုပ်ဆောင်နေပြီး ရန်ကုန် - ကျောက်မဲပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို သီးခြားနေထိုင်စေခြင်းဖြင့် ကန့်သတ်ထားကြောင်း သိရသည်။
ကျောက်မဲ - ရန်ကုန်ယာဉ်လိုင်းမှ ယာဉ်မောင်း/ ယာဉ်နောက်လိုက်များကို သီးသန့်နေအိမ်ဖြင့် နေထိုင်ရန် ကော်မတီက ညွှန်ကြားထားသော်လည်း မလိုက်နာကြသည့်အတွက် ယာဉ်လိုင်းပိုင်ရှင်များကို စက်တင်ဘာလ (၉) ရက်၌ ခေါ်ယူသတိပေးထားကြောင်း သိရသည်။

 Tachileik News Agency

သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~