သိန္းနီ ေရပူစစ္ေဆးေရးစခန္းအား ပစ္ခတ္ခံရ၍ ဂိတ္လံုၿခံဳေရး တစ္ဦးက်ဆံုး၊ တစ္ဦး ဒဏ္ရာရ

သိန္းနီ ေရပူစစ္ေဆးေရးစခန္းအား ပစ္ခတ္ခံရ၍ ဂိတ္လံုၿခံဳေရး တစ္ဦးက်ဆံုး၊ တစ္ဦး ဒဏ္ရာရ
သြဂုတ် 24, 2019
By 🌸
ရွမ္းျပည္နယ္( ေျမာက္ပိုင္း ) သိန္းနီၿမိဳ႕၊ ျပည္ေထာင္စုလမ္းမႀကီးေပၚရွိ ေရပူအၿမဲတမ္း စစ္ေဆးေရးဂိတ္ အနီးတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၄) ရက္ေန႔ နံနက္အေစာပိုင္းက ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြားခဲ့သျဖင့္ ဂိတ္လံုၿခံဳေရး ယူထားသည့္ ပိန္းဆာျပည္သူ႔စစ္အဖြ႔ဲဝင္တစ္ဦး က်ဆံံုးကာ၊ တစ္ဦးဒဏ္ရာ ရသြားေၾကာင္း သိရသည္။

ေရပူစစ္ေဆးေရးဂိတ္အား ၾသဂုတ္လ (၂၄) ရက္ေန႔ နံနက္ (၃) နာရီ မိနစ္(၂၀)ဝန္းက်င္က လက္နက္ႀကီးမ်ားျဖင့္ စတင္ပစ္ခတ္ခံရၿပီး နံနက္ (၅) နာရီ (၁၅) ခန္႔တြင္ လက္နက္ငယ္မ်ားျဖင့္ ထပ္မံပစ္ခတ္လာသျဖင့္ ေရပူဂိတ္လံုၿခံဳေရးတပ္ဖြဲ႔ႏွင့္ အျပန္အလွန္ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

နယ္ေျမခံစစ္တပ္က နံနက္ (၅) နာရီ မိနစ္ (၂၀)ခန္႔တြင္ လိုက္လံရွင္းလင္းခဲ့ေၾကာင္း သိရသည္။
ေရပူစစ္ေဆးေရးဂိတ္တြင္ တာဝန္ထမ္းေဆာင္ေနသည့္ စစ္ေဆးေရးအဖြဲ႔စံုမွ ဝန္ထမ္းမ်ားသည္ ၾသဂုတ္လ (၁၆) ရက္ေန႔ကစတင္၍ အဆိုပါဂိတ္၌ တာဝန္ထမ္းေဆာင္ျခင္းကို ရပ္နားထားသျဖင့္ အျခားဝန္ထမ္းမ်ား ထိခိုက္ဒဏ္ရာရရွိမႈ မရွိခဲ့ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသရိွ ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ ၾသဂုတ္လ (၁၅)ရက္ေန႔မွစ၍ TNLA၊ AA ႏွင့္ MNDAA အဖြဲ႕မ်ား၏ ပစ္ခတ္တုိက္ခိုက္မႈမ်ားရိွေန၍ နမ့္ခမ္းၿမိဳ႕၊ ကြတ္ခိုင္ၿမိဳ႕၊ ( သိန္းနီ- ကြမ္းလံု လမ္းပိုင္းမွ ) နမ့္စလပ္ ေက်းရြာႏွင့္ လားရိႈးၿမိဳ႕တို႔တြင္ စစ္ေဘးတိမ္းေရွာင္ေနသူမ်ားရွိေနျခင္းျဖစ္သည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု [ပစ္ခတ္မႈမ်ားမျဖစ္ပြားမီက ေရပူစစ္ေဆးေရးစခန္းျဖစ္သည္။]

~~~~~~~~⊰❂ Unicode Version ~~~~~~~~

သိန်းနီ ရေပူစစ်ဆေးရေးစခန်းအား ပစ်ခတ်ခံရ၍ ဂိတ်လုံခြုံရေး တစ်ဦးကျဆုံး၊ တစ်ဦး ဒဏ်ရာရ
************
ရှမ်းပြည်နယ်( မြောက်ပိုင်း ) သိန်းနီမြို့၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ် အနီးတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့ နံနက်အစောပိုင်းက ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သဖြင့် ဂိတ်လုံခြုံရေး ယူထားသည့် ပိန်းဆာပြည်သူ့စစ်အဖွ့ဲဝင်တစ်ဦး ကျဆံုံးကာ၊ တစ်ဦးဒဏ်ရာ ရသွားကြောင်း သိရသည်။

ရေပူစစ်ဆေးရေးဂိတ်အား သြဂုတ်လ (၂၄) ရက်နေ့ နံနက် (၃) နာရီ မိနစ်(၂၀)ဝန်းကျင်က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခံရပြီး နံနက် (၅) နာရီ (၁၅) ခန့်တွင် လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်လာသဖြင့် ရေပူဂိတ်လုံခြုံရေးတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နယ်မြေခံစစ်တပ်က နံနက် (၅) နာရီ မိနစ် (၂၀)ခန့်တွင် လိုက်လံရှင်းလင်းခဲ့ကြောင်း သိရသည်။
ရေပူစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ဆေးရေးအဖွဲ့စုံမှ ဝန်ထမ်းများသည် သြဂုတ်လ (၁၆) ရက်နေ့ကစတင်၍ အဆိုပါဂိတ်၌ တာဝန်ထမ်းဆောင်ခြင်းကို ရပ်နားထားသဖြင့် အခြားဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် သြဂုတ်လ (၁၅)ရက်နေ့မှစ၍ TNLA၊ AA နှင့် MNDAA အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများရှိနေ၍ နမ့်ခမ်းမြို့၊ ကွတ်ခိုင်မြို့၊ ( သိန်းနီ- ကွမ်းလုံ လမ်းပိုင်းမှ ) နမ့်စလပ် ကျေးရွာနှင့် လားရှိုးမြို့တို့တွင် စစ်ဘေးတိမ်းရှောင်နေသူများရှိနေခြင်းဖြစ်သည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ [ပစ်ခတ်မှုများမဖြစ်ပွားမီက ရေပူစစ်ဆေးရေးစခန်းဖြစ်သည်။]

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net