တာချီလိတ်မြို့တွင် မြို့ပေါ်နှင့်ကျေးရွာမှ ကျောင်းသားကျောင်းသူ ကလေးငယ်များ ပါဝင်ဆင်နွှဲနိုင်မည့် ကလေးစာပေပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး

တာချီလိတ်မြို့တွင် မြို့ပေါ်နှင့်ကျေးရွာမှ ကျောင်းသားကျောင်းသူ ကလေးငယ်များ ပါဝင်ဆင်နွှဲနိုင်မည့် ကလေးစာပေပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး
မေ 24, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မြို့ပေါ်နှင့် ကျေးရွာများမှ ကျောင်းသား ကျောင်းသူ ကလေးငယ်များ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် ကျင်းပပြုလုပ်မည့် ကလေးစာပေပွဲတော်အား အောင်မြင်စွာ ကျင်းပနိုင်ရေး နှင့် ဒေသတွင်း လုပ်ငန်းရှင်များ လူမှုရေးအသင်းအဖွဲ့များ၏ ပံ့ပိုးမှုများ ပါဝင်ကာ  စည်စည်ကားကားဖြစ်စေရေးအတွက် ၂၀၁၉ခုနှစ် မေလ(၂၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က တာချီလိတ်မြို့ရှိ စုပေါင်းရုံးတွင် အစည်း အဝေးပြုလုပ်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် ပွဲတော်ကျင်းပရေးနာယကများဖြစ်သည့် ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက  ကလေးစာပေပွဲတော်အား အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကလေးများ လာရောက်သည့်အခါ အယောက်တိုင်း လက်ဆောင်ပစ္စည်းများ ရရှိရေး၊ ပြိုင်ပွဲများ စည်စည်ကားကားဖြစ်စေရေး အပြင် ခမ်းနားသည့် ပွဲတော်ဖြစ်စေရေးအတွက် စေတနာရှင်များအနေဖြင့် ပါဝင်ကူညီပေးနိုင်ရန် အဖွင့်စကား ပြောကြားပြီးနောက် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က ပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များ နှင့် လုပ်ငန်းစဉ်များ အပါအ၀င် ဖွဲ့စည်းထားသည့် ကော်မတီများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသွားသည်။




ယနေ့ အစည်းအဝေးတွင် အဓိကအားဖြင့် ပွဲတော်တွင် ထည့်သွင်းအသုံးပြုမည့် တာချီလိတ်ကိုယ်စားပြု Logo ကိစ္စ၊ ပွဲတော်အတွက် ရွေ့လျားအိမ်သာကိစ္စ နှင့် ပွဲတော်အား အခြားမြို့များထက် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် စေတနာရှင် အလှူရှင်များ ပါဝင်လာရေး ကိစ္စနှင့် နေရာချထားရေးကိစ္စများကို အပြန်အလှန် အကြံပြုဆွေး နွေးခဲ့ကြခြင်း ဖြစ်သည်။


Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မြို့ပေါ်နှင့် ကျေးရွာများမှ ကျောင်းသား ကျောင်းသူ ကလေးငယ်များ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် ကျင်းပပြုလုပ်မည့် ကလေးစာပေပွဲတော်အား အောင်မြင်စွာ ကျင်းပနိုင်ရေး နှင့် ဒေသတွင်း လုပ်ငန်းရှင်များ လူမှုရေးအသင်းအဖွဲ့များ၏ ပံ့ပိုးမှုများ ပါဝင်ကာ စည်စည်ကားကားဖြစ်စေရေးအတွက် ၂၀၁၉ခုနှစ် မေလ(၂၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က တာချီလိတ်မြို့ရှိ စုပေါင်းရုံးတွင် အစည်း အေဝးပြုလုပ်ခဲ့ကြသည်။

အဆိုပါ အစည်းအေဝးတွင် ပွဲတော်ကျင်းပရေးနာယကများဖြစ်သည့် ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက ကလေးစာပေပွဲတော်အား အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကလေးများ လာရောက်သည့်အခါ အယောက်တိုင်း လက်ဆောင်ပစ္စည်းများ ရရှိရေး၊ ပြိုင်ပွဲများ စည်စည်ကားကားဖြစ်စေရေး အပြင် ခမ်းနားသည့် ပွဲတော်ဖြစ်စေရေးအတွက် စေတနာရှင်များအနဖြေင့် ပါဝင်ကူညီပေးနိုင်ရန် အဖွင့်စကား ပြောကြားပြီးနောက် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က ပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များ နှင့် လုပ်ငန်းစဉ်များ အပါအဝင် ဖွဲ့စည်းထားသည့် ကော်မတီများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသွားသည်။

ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က ရှင်းလင်းပြောကြားရာတွင် ကလေးစာပေပွဲတော် ကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ ကလေးများ စာအုပ်စာပေတွင် နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန် ရည်ရွယ်ကြောင်း နှင့် ပွဲတော်တွင် ထည့်သွင်းထားသည့် ပြိုင်ပွဲ နှင့် ကစားနည်းများတွင် ပါဝင်ဆင်နွှဲခြင်းဖြင့် ဝိုင်းဝန်း ပါဝင်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ကြောင်းဆိုသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ကလေးစာပေပွဲတော်နှင့် ပတ်သက်၍ နိုင်ငံတော်အဆင့် ကျင်းပခဲ့သည့် ပွဲအကြောင်းနှင့် ခရိုင်အဆင့် ကျင်းပခဲ့သည့် ပွဲတော်တို့၏ ကျင်းပလာခဲ့ပုံများကို ရှင်းလင်းပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရှမ်းပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးညွှန့်ရွှေက တာချီလိတ်တွင် ကျင်းပမည့် ပွဲတော်အတွက် ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပြီးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် နှင့် ကလေးစာပေပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် အပါအဝင် ပွဲတော်တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီးနောက် ပွဲတော်အတွက် အလှူရှင်များ၏ လှူဒါန်းလာမှုများကို တာဝန်ရှိသူများက လက်ခံပေးခဲ့ကြရာ လက်ရှိတွင် ကျပ်သိန်း(၂၈၀)ကျော်ရရှိထားကြောင်းနှင့် ကုန်ကျမှုအား ကျပ်သိန်း(၄၀၀)ဝန်းကျင် ခန့်မှန်းထားကြောင်း သိရသည်။

ယနေ့ အစည်းအေဝးတွင် အဓိကအားဖြင့် ပွဲတော်တွင် ထည့်သွင်းအသုံးပြုမည့် တာချီလိတ်ကိုယ်စားပြု Logo ကိစ္စ၊ ပွဲတော်အတွက် ရွေ့လျားအိမ်သာကိစ္စ နှင့် ပွဲတော်အား အခြားမြို့များထက် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် စေတနာရှင် အလှူရှင်များ ပါဝင်လာရေး ကိစ္စနှင့် နေရာချထားရေးကိစ္စများကို အပြန်အလှန် အကြံပြုဆွေး နွေးခဲ့ကြခြင်း ဖြစ်သည်။

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ၂၀၁၉ခုနှစ် ဇွန်လ(၂၅)ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ကလေးစာပေပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် ကလေးစာပေပွဲတော်ကျင်းပရေး ဦးစီးကော်မတီ အပါအဝင် ဆပ်ကော်မတီပေါင်း (၂၄)ခုဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net