တာခ်ီလိတ္တြင္ (၁၀)တန္းႏွစ္က် ခ်ဳိ႕တဲ့ အျပင္ေျဖမ်ားအတြက္ အေမ့ေမတၱာပညာပန္းခင္း အခမဲ့ ပညာဒါနသင္တန္းေက်ာင္းမွ ဇြန္လ(၂၀)ရက္ေန႔အထိ ေလွ်ာက္လႊာမ်ား လက္ခံေပးေန

တာခ်ီလိတ္တြင္ (၁၀)တန္းႏွစ္က် ခ်ဳိ႕တဲ့ အျပင္ေျဖမ်ားအတြက္ အေမ့ေမတၱာပညာပန္းခင္း အခမဲ့ ပညာဒါနသင္တန္းေက်ာင္းမွ ဇြန္လ(၂၀)ရက္ေန႔အထိ ေလွ်ာက္လႊာမ်ား လက္ခံေပးေန
ဇွန် 11, 2019
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ရွိ အေမ့ေမတၱာပညာပန္းခင္း အခမဲ့ပညာဒါနသင္တန္းေက်ာင္းမွ ၂၀၁၉ - ၂၀၂၀ ပညာသင္ႏွစ္အတြက္ တကၠသိုလ္၀င္တန္း ႏွစ္က် အျပင္ေျဖ ခ်ဳိ႕တဲ့ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို လူဦးေရအကန္႔အသတ္ျဖင့္ ေလွ်ာက္လႊာမ်ားအား ၂၀၁၉ခုႏွစ္ ဇြန္လ(၁၅)ရက္ေန႔မွ ဇြန္လ(၂၀)ရက္ေန႔ ညေန(၅)နာရီအထိ အထိ လက္ခံေပးသြားမည္ျဖစ္ေၾကာင္းႏွင့္ ကနဦး စာရင္းေပးထားသူမ်ားလည္း မ်ားျပားေန၍ ၀င္ခြင့္စစ္ေဆးမႈမ်ားျပဳလုပ္ၿပီး စိစစ္လက္ခံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"အခုေလာေလာဆယ္ ႀကိဳတင္ၿပီး လာအပ္သူက မ်ားေနေတာ့ ေရြးခ်ယ္ရခက္ေနတယ္၊ အဲ့ဒီအတြက္ အဓိက ကေတာ့ အဂၤလိပ္ နဲ႔ သခ်ၤာအေျခခံကို ၀င္ခြင့္စစ္မယ္၊ လူဦးေရက (၃၀)သတ္မွတ္ထားပါတယ္၊ ႏွစ္က်အျပင္ေျဖသမားေတြပဲ တက္ေရာက္ခြင့္ရွိပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕  အေမ့ေမတၱာပညာပန္းခင္း အခမဲ့ပညာဒါနသင္တန္းေက်ာင္းမွ အတြင္းေရးမွဴး မခင္ေဌး၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အေမ့ေမတၱာပညာပန္းခင္း အခမဲ့ပညာဒါနသင္တန္းေက်ာင္း၏ ပထမဆံုးအႀကိမ္အျဖစ္ စတင္ခဲ့သည့္ ပညာသင္ႏွစ္မွာ ၂၀၁၈ - ၂၀၁၉ ခုႏွစ္ ပညာသင္ႏွစ္ၿဖစ္ၿပီး ၂၀၁၈ခုႏွစ္ စက္တင္ဘာလက စတင္ခဲ့ကာ ေက်ာင္းသား ေက်ာင္းသူ (၁၉)ဦးကို လက္ခံကာ အခမဲ့သင္ၾကားေပးခဲ့ရာတြင္ (၄)ဦးမွာ တကၠသိုလ္၀င္တန္းေအာင္ျမင္ခဲ့ၿပီး ေအာင္ခ်က္ရာခိုင္ႏႈန္းမွာ (၂၁.၀၅)ရာခိုင္ႏႈန္းရွိခဲ့ေၾကာင္း ႏွင့္ တကၠသိုလ္၀င္တန္းေအာင္ျမင္သူ(၄)ဦးအား ေထာက္ပံ့ဆုေငြခ်ီးျမႇင့္ရန္လည္း စီစဥ္ထားေၾကာင္း သိရသည္။

"ဆယ္တန္းေအာင္ျမင္သြားတဲ့ ကေလး(၄)ဦးကို ဆရာေတာ္နဒီေက်ာ္ နဲ႔ သူ႔ဇနီးျဖစ္တဲ့  ၿမိဳ႕နယ္( NLD ) ဘ႑ာေရးမွဴးျဖစ္တဲ့ ေဒၚခင္ဆန္းညႊန္တို႔က တကၠသိုလ္ဆက္တက္ဖို႔ အေထာက္အပံ့အေနနဲ႔ တစ္ေယာက္ကို က်ပ္ (၁၀)သိန္းစီ ေနာက္လထဲမွာ ေထာက္ပံ့ဖု႔ိရွိပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕  အေမ့ေမတၱာပညာပန္းခင္း အခမဲ့ပညာဒါနသင္တန္းေက်ာင္းမွ အတြင္းေရးမွဴး မခင္ေဌး၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

 ၂၀၁၉ - ၂၀၂၀ ပညာသင္ႏွစ္အတြက္ ေက်ာင္းသား၊ ေက်ာင္းသူ (၃၀)ဦးအား လက္ခံသင္ၾကားေပးသြားမည္ျဖစ္ရာတြင္ တစ္ဘာသာလလွ်င္ ဘာသာျပန္ ဆရာ၊ ဆရာမ(၂)ဦး ႏွင့္ ဂိုက္(၁)ဦး စီထားေပးသြားမည္ျဖစ္ရာ Physics ဘာသာျပ ဆရာ/ဆရာမ (၁)ဦး၊ Chemistry ဘာသာျပ ဆရာ /ဆရာ မ (၁)ဦး ႏွင့္ ECo ဘာသာျပ ဆရာ /ဆရာ မ (၁)ဦးဆီ ထပ္မံလိုအပ္ေနေသး၍ ပညာဒါနျပဳလုပ္ေပးႏိုင္မည့္ ဆရာ၊ ဆရာမမ်ားအေနျဖင့္ လာေရာက္သင္ၾကားေပးႏုိင္ရန္လည္း ဖိတ္ေခၚထားရွိသည္။

လတ္တေလာတြင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား လက္ခံေပးၿပီးသြားပါက သင္ၾကားမႈအခ်ိန္အား နံနက္(၈)နာရီမွ ညေန(၅)နာရီအထိ သင္ၾကားေပးသြားရန္အတြက္ စီစဥ္ထားရွိေၾကာင္း ႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား  စာေရးကိရိယာမ်ားေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အေမ့ေမတၱာပညာပန္းခင္း အခမဲ့ပညာဒါနသင္တန္းေက်ာင္း တာခ်ီလိတ္ၿမိဳ႕၊ ၀မ္ေကာင္းရပ္ကြက္အတြင္း ဘုရင့္ေနာင္ပုဂၢလိကေစ်းအနီးရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဝမ္ေကာင္းရပ္ေက်းရုံးတြင္ ဖြင့္လွစ္ထားရွိၿပီး ဆက္သြယ္ေမးျမန္းလိုသူမ်ားအေနျဖင့္ မခင္ေဌး၀င္း( ဖုန္း - ၀၉၄၅၇၇၁၅၆၀၄ ) ႏွင့္ မေသာ္ေသာ္မိုး ( ဖုန္း - ၀၉၇၉၇၆၃၉၃၆၅ )သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

အေမ့ေမတၱာပညာပန္းခင္း အခမဲ့ပညာဒါနသင္တန္းေက်ာင္းအား တာခ်ီလိတ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ ဖြင့္လွစ္ထားျခင္းျဖစ္ေၾကာင္းႏွင့္ အေမ့အိမ္ပညာေရးကြန္ရက္(ဗဟို)လက္ေအာက္တြင္ရွိသည့္  အခမဲ့ပညာဒါနသင္တန္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - အေမ့ေမတၱာပညာပန္းခင္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့ရှိ အမေ့မေတ္တာပညာပန်းခင်း အခမဲ့ပညာဒါနသင်တန်းကျောင်းမှ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း နှစ်ကျ အပြင်ဖြေ ချို့တဲ့ ကျောင်းသား၊ ကျောင်းသူများကို လူဦးရေအကန့်အသတ်ဖြင့် လျှောက်လွှာများအား ၂၀၁၉ခုနှစ် ဇွန်လ(၁၅)ရက်နေ့မှ ဇွန်လ(၂၀)ရက်နေ့ ညနေ(၅)နာရီအထိ အထိ လက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် ကနဦး စာရင်းပေးထားသူများလည်း များပြားနေ၍ ဝင်ခွင့်စစ်ဆေးမှုများပြုလုပ်ပြီး စိစစ်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"အခုလောလောဆယ် ကြိုတင်ပြီး လာအပ်သူက များနေတော့ ရွေးချယ်ရခက်နေတယ်၊ အဲ့ဒီအတွက် အဓိက ကတော့ အင်္ဂလိပ် နဲ့ သင်္ချာအခြေခံကို ဝင်ခွင့်စစ်မယ်၊ လူဦးရေက (၃၀)သတ်မှတ်ထားပါတယ်၊ နှစ်ကျအပြင်ဖြေသမားတွေပဲ တက်ရောက်ခွင့်ရှိပါတယ်"ဟု တာချီလိတ်မြို့ အမေ့မေတ္တာပညာပန်းခင်း အခမဲ့ပညာဒါနသင်တန်းကျောင်းမှ အတွင်းရေးမှူး မခင်ဌေးဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမေ့မေတ္တာပညာပန်းခင်း အခမဲ့ပညာဒါနသင်တန်းကျောင်း၏ ပထမဆုံးအကြိမ်အဖြစ် စတင်ခဲ့သည့် ပညာသင်နှစ်မှာ ၂၀၁၈ - ၂၀၁၉ ခုနှစ် ပညာသင်နှစ်ဖြစ်ပြီး ၂၀၁၈ခုနှစ် စက်တင်ဘာလက စတင်ခဲ့ကာ ကျောင်းသား ကျောင်းသူ (၁၉)ဦးကို လက်ခံကာ အခမဲ့သင်ကြားပေးခဲ့ရာတွင် (၄)ဦးမှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၂၁.ဝ၅)ရာခိုင်နှုန်းရှိခဲ့ကြောင်း နှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ(၄)ဦးအား ထောက်ပံ့ဆုငွေချီးမြှင့်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။

"ဆယ်တန်းအောင်မြင်သွားတဲ့ ကလေး(၄)ဦးကို ဆရာတော်နဒီကျော် နဲ့ သူ့ဇနီးဖြစ်တဲ့ မြို့နယ်( NLD ) ဘဏ္ဍာရေးမှူးဖြစ်တဲ့ ဒေါ်ခင်ဆန်းညွှန်တို့က တက္ကသိုလ်ဆက်တက်ဖို့ အထောက်အပံ့အနေနဲ့ တစ်ယောက်ကို ကျပ် (၁၀)သိန်းစီ နောက်လထဲမှာ ထောက်ပံ့ဖို့ရှိပါတယ်"ဟု တာချီလိတ်မြို့ အမေ့မေတ္တာပညာပန်းခင်း အခမဲ့ပညာဒါနသင်တန်းကျောင်းမှ အတွင်းရေးမှူး မခင်ဌေးဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ (၃၀)ဦးအား လက်ခံသင်ကြားပေးသွားမည်ဖြစ်ရာတွင် တစ်ဘာသာလလျှင် ဘာသာပြန် ဆရာ၊ ဆရာမ(၂)ဦး နှင့် ဂိုက်(၁)ဦး စီထားပေးသွားမည်ဖြစ်ရာ Physics ဘာသာပြ ဆရာ/ဆရာမ (၁)ဦး၊ Chemistry ဘာသာပြ ဆရာ /ဆရာ မ (၁)ဦး နှင့် ECo ဘာသာပြ ဆရာ /ဆရာ မ (၁)ဦးဆီ ထပ်မံလိုအပ်နေသေး၍ ပညာဒါနပြုလုပ်ပေးနိုင်မည့် ဆရာ၊ ဆရာမများအနဖြေင့် လာရောက်သင်ကြားပေးနိုင်ရန်လည်း ဖိတ်ခေါ်ထားရှိသည်။

လတ်တလောတွင် ကျောင်းသား၊ ကျောင်းသူများအား လက်ခံပေးပြီးသွားပါက သင်ကြားမှုအချိန်အား နံနက်(၈)နာရီမှ ညနေ(၅)နာရီအထိ သင်ကြားပေးသွားရန်အတွက် စီစဉ်ထားရှိကြောင်း နှင့် ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမေ့မေတ္တာပညာပန်းခင်း အခမဲ့ပညာဒါနသင်တန်းကျောင်း တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်း ဘုရင့်နောင်ပုဂ္ဂလိကဈေးအနီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝမ်ကောင်းရပ်ကျေးရုံးတွင် ဖွင့်လှစ်ထားရှိပြီး ဆက်သွယ်မေးမြန်းလိုသူများအနဖြေင့် မခင်ဌေးဝင်း( ဖုန်း - ဝ၉၄၅၇၇၁၅၆၀၄ ) နှင့် မသော်သော်မိုး ( ဖုန်း - ဝ၉၇၉၇၆၃၉၃၆၅ )သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

အမေ့မေတ္တာပညာပန်းခင်း အခမဲ့ပညာဒါနသင်တန်းကျောင်းအား တာချီလိတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်းနှင့် အမေ့အိမ်ပညာရေးကွန်ရက်(ဗဟို)လက်အောက်တွင်ရှိသည့် အခမဲ့ပညာဒါနသင်တန်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - အမေ့မေတ္တာပညာပန်းခင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net