လားရှိုး NLD ၏ အောင်နိုင်ရေး ဥက္ကဌအား တပ်က ဖမ်းဆီးထားပြီး ပါတီရုံးကို ရဲတပ်ဖွဲ့က စောင့်ကြည့်နေ

လားရှိုး NLD ၏ အောင်နိုင်ရေး ဥက္ကဌအား တပ်က ဖမ်းဆီးထားပြီး ပါတီရုံးကို ရဲတပ်ဖွဲ့က စောင့်ကြည့်နေ
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဌအား တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ဖမ်းဆီးထားပြီး ပါတီရုံးကိုလည်း ရဲတပ်ဖွဲ့ဝင်အင်အားဖြင့် စောင့်ကြည့်နေကြောင်း သိရသည်။

အောင်နိုင်ရေးခေါင်းဆောင် ဦးမျိုးနိုင်ဦး

“ ရှမ်း/မြောက် အောင်နိုင်ရေးခေါင်းဆောင် ဦးမျိုးနိုင်ဦးကိုတော့ မနက် (၄)နာရီခွဲကတည်းက စစ်တပ်က လာခေါ်သွားတယ်။ အဲဒါပြီးတော့ ရဲတွေက အခန်းမှာ ပစ္စည်းတွေ ဝင်ပြီး စစ်တယ်။ ရဲကားတွေနဲ့ ရုံးခန်းထဲမှာ ရဲတွေလည်း စောင့်နေတယ်။ အခုချိန်ထိ အမိန့်စောင့်နေတယ်ပြောတယ် ။ ရပ်ကွက် (၁) ဥက္ကဌနဲ့ ရပ်ကွက် (၄) ဥက္ကဌတို့ကိုလည်း သက်သေအဖြစ်ခေါ်လာတယ်”ဟု လားရှိုးမြို့ခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရဲကားဖြင့် စောင့်ကြည့်နေစဉ်

လားရှိုးမြို့ ၊ ရပ်ကွက် (၄) ၊ နယ်မြေ (၇) ၊ မန္တလေးလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးကို ရဲအင်အားဖြင့် စောင့်ကြပ်ထားဆဲဖြစ်ကြောင်း သိရသည်။

 

Tachileik News Agency