ကျောက်မဲမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သူများအား ဖမ်းဆီးမှုများရှိနေသော်လည်း ပြောက်ကျားနည်းဖြင့် ဆိုင်ကယ်အဖွဲ့ ဆက်လက် ဆန္ဒပြ

ကျောက်မဲမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သူများအား ဖမ်းဆီးမှုများရှိနေသော်လည်း ပြောက်ကျားနည်းဖြင့် ဆိုင်ကယ်အဖွဲ့ ဆက်လက် ဆန္ဒပြ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် စစ်အာဏာရှင်ကို အလိုမရှိသည့် ပြည်သူများ စုပေါင်းပြီး နည်းမျိုးစုံဖြင့် ဆန္ဒပြနေရာ ယနေ့ မေလ(၈)ရက်နေ့ နံနက်ပိုင်းကလည်း ဆိုင်ကယ်သပိတ်စစ်ကြောင်းမှ မြို့တွင်လှည့်လည်ကာ ပြောက်ကျားနည်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

ကျောက်မဲမြို့၌ ဆနထုတ်ဖေါ်ရာတွင် ပါဝင်နေသူအချို့ကို အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲများက လိုက်လံရှာဖွေဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိသော်လည်း ဆန္ဒထုတ်ဖေါ်ကြသည့် ပြည်သူများက နေ့စဥ် ပြောက်ကျားစနစ်ဖြင့် အုပ်စုခွဲကာ ဆန္ဒပြမှုများ ပြုလုပ်လျှက်ရှိနေခြင်းဖြစ်သည်။



 

ထို့ပြင် လမ်းများ၊ နံရံများတွင် အလျင်းသင့်သလို ဒီမိုကရေစီအလိုရှိကြောင်း စာသားများ ရုပ်ပုံများကိုလည်း လူငယ်များက လိုက်လံရေးဆွဲကာ ဆန္ဒထုတ်ဖေါ်မှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိပြီး အာဏာသိမ်းစစ်ကောင်စီ၏ စစ်သားများကလဲ အဆိုပါ စာတန်းများ ပန်းချီများကို လိုက်လံဖျက်ဆီးမှုများ လုပ်ဆောင်လျှက်ရှိသည်။

Photo: CJ