တာချီလိတ်တရားရုံးမှ တစ်ဦးလျှင် ဒဏ်ငွေ ကျပ်(၅)သိန်းစီ အမိန့်ချမှတ်လိုက်သည့် ထိုင်းနိုင်ငံသူ (၃)ဦးကို မယ်ဆိုင်သို့ ပြည်နှင်

တာချီလိတ်တရားရုံးမှ တစ်ဦးလျှင် ဒဏ်ငွေ ကျပ်(၅)သိန်းစီ အမိန့်ချမှတ်လိုက်သည့် ထိုင်းနိုင်ငံသူ (၃)ဦးကို မယ်ဆိုင်သို့ ပြည်နှင်
ဇန်နဝါရီ 14, 2020
By Tachileik News Agency

တာချီလိတ်တရားရုံးမှ တစ်ဦးလျှင် ဒဏ်ငွေ ကျပ်(၅)သိန်းစီ အမိန့်ချမှတ်လိုက်သည့် ထိုင်းနိုင်ငံသူ (၃)ဦးကို မယ်ဆိုင်သို့ ပြည်နှင်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသူ (၃) ဦးအား ဖမ်းဆီးရမိပြီး (5)လဝန်းကျင် အကြာတွင် တရားရုံးမှချမှတ်သည့် ဒဏ်ကြေးငွေ ပေးဆောင်ပြီးဖြစ်၍ အမည်ပျက်စာရင်း ရေးသွင်းပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့ နေ့လည်ပိုင်းအချိန်က မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ် (၁)တံတားမှတစ်ဆင့်  မယ်ဆိုင်ဘက်သို့ ပြည်နှင်လိုက်ပြီဖြစ်သည်။

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်စစ်ဆေးရေးဂိတ်အလွန် ပါလိုင်ကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့က ရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေးစဉ်က   မန်နက်ချပ်နုဖုန်ဆာပန်း၊ ကနုတ်ဖွန်းကျလွန်းဖွန်းနှင့် အမ်လားကုန်းကန်ထတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ပြည်ဝင်ခွင့် အထောက်အထားမရှိ၍ တရားစွဲဆို ခံခဲ့ရာမှာ တရားရုံးက (5)လဝန်းကျင် အကြာတွင် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်အား ဇန်နဝါရီလ (၃)ရက်နေ့က အမိန့်ချလိုက်ခြင်း ဖြစ်သော်လည်း  ပြည်နှင်ခွင့်ပြုအမိန့်မှာ ဇန်နဝါရီလ(၁၄)ရက်နေ့မှ ကျလာ၍ ပြည်နှင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသူ(၃)ဦးအား ဖမ်းဆီးချုပ်နှောင်ထားမှု (5)လဝန်းကျင်အကြာတွင် တာချီလိတ်မြို့နယ်တရားရုံးက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့၌ လဝကအက်ဥပဒေပုဒ်မ ၃(၁) ကျူး/၁၃(၁)အရ ပြစ်မှုထင်ရှား၍ တစ်ဦးလျှင် ဒဏ်ငွေ ကျပ် (၅)သိန်းစီ ပေးဆောင်စေ၊ ဒဏ်ငွေမဆောင် ပျက်ကွက်ပါက ထောင်ဒဏ်(၆)လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~