ကျိုင်းတုံမြို့တွင် ကျင်းပမည့် အသက် (၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်လိုသူများ မေလ (၂၉)ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်

ကျိုင်းတုံမြို့တွင် ကျင်းပမည့် အသက် (၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်လိုသူများ မေလ (၂၉)ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်
မေ 21, 2019
By Tachileik News Agency




ပါဝင်ယှဉ်ပြိုင်လိုသည့် အသင်းများအနေဖြင့် ကျိုင်းတုံမြို့နယ်အားကစားရုံးသို့လည်းကောင်း အား/ကာမှူး၏ ဖုန်း ၀၈၄-၂၃၀၆၂ နှင့် ၀၉၂၅၀၁၃၀၃၂၀ သို့လည်းကောင်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် အသက်(၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပမည်ဖြစ်၍ ပြိုင်ပွဲဝင်လိုသည့်အသင်းများ ၂၀၁၉ ခုနှစ်၊ မေလ(၂၉)ရက်နေ့ နောက်ဆုံးထား၍ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ်အဖြစ် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးကျင်းပသော မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အသက်( ၂၅ ) နှစ်အောက် ရပ်ကွက်၊ ကျေးရွာ၊ ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲအဖြစ် ကျိုင်းတုံခရိုင်မိုးလုံလေလုံအားကစားခန်းမတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့မှစ၍ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲမှ ခရိုင်လက်ရွေးစင်အဖြစ် ရွေးချယ်ခံရပါက ခရိုင်ပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ပါဝင်ယှဉ်ပြိုင်လိုသည့် အသင်းများအနဖြေင့် ကျိုင်းတုံမြို့နယ်အားကစားရုံးသို့လည်းကောင်း အား/ကာမှူး၏ ဖုန်း ဝ၈၄-၂၃၀၆၂ နှင့် ဝ၉၂၅၀၁၃၀၃၂၀ သို့လည်းကောင်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net