တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ (၃၃)ဦး ထပ်တိုးတွေ့ရှိ

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ (၃၃)ဦး ထပ်တိုးတွေ့ရှိ
သြဂုတ် 16, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့၏ ဩဂုတ်လ(၁၆)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၃၃)ဦး ထပ်တိုးကြောင်း သိရသည်။

တာချီလိတ်ဆေးရုံဟောင်းနှင့်ဆေးရုံသစ်တို့တွင် စစ်ဆေးချက်များအရ ထပ်တိုး (၃၃)ဦးတွင် အမျိုးသမီး (၁၂)ဦး နှင့် အမျိုးသား(၂၁)ဦး အပါအဝင် ဦးဇင်းတစ်ပါးနှင့်ကိုရင်ကြီးတစ်ပါးတို့လည်း ပါဝင်ကြောင်း သိရသည်။

အသစ်ထပ်တိုးသည့် (၃၃)ဦးအနက် အနက်(၈)ဦးဝန်းကျင်ကို ဆေးရုံတင်ထားရပြီး ကျန်သူများကိုတော့ Covid-19 စောင့်ကြည့်ရေးစင်တာများဖြစ်သည့် မိုးကုတ် နှင့် ဝမ်လုံးတို့တွင် သီးသန့်ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း Covid-19 ကူးစက်ခံရသူ (၂၀၀၀)ကျော်အထိရှိနေပြီး နေအိမ်ပြန်ခွင့်ရရှိသွားသူမှာလည်း (၁၀၀၀)ကျော်ရှိကာ သေဆုံးသူမှာလည်း အနည်းဆုံး (၃၅)ဦးအထက်ရှိနေသည်။

တာချီလိတ်မြို့အား ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့က စ၍ Stay at Home သတ်မှတ်ထားခြင်း ဖြစ်သည်။