တာချီလိတ်မြို့နယ်အတွင်း လယ်ယာမဲ့တောင်သူများအတွက် ဖေါ်ဆောင်နေသည့် ကုန်းမြင့်လယ်ယာ ဧက (၉၀) သြဂုတ်လကုန်တွင် ပြီးစီးမည်

တာချီလိတ်မြို့နယ်အတွင်း လယ်ယာမဲ့တောင်သူများအတွက် ဖေါ်ဆောင်နေသည့် ကုန်းမြင့်လယ်ယာ ဧက (၉၀) သြဂုတ်လကုန်တွင် ပြီးစီးမည်
ဇူလိုငျ 24, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာတွင် လယ်ယာမဲ့တောင်သူများအတွက် အကောင်အထည်ဖေါ်နေသည့် ကုန်းမြင့်လယ်ယာ ဧက (၉၀)ကို သြဂုတ်လကုန်တွင် အပြီးသတ် ဖေါ်ဆောင်မည်ဖြစ်ပြီး လက်ရှိတွင်လည်း ဖေါ်ဆောင်ထားပြီး မြေနေရာများတွင် စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ လယ်ယာမြေဖေါ်ဆောင်ရေးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းခွင့်ပြုဘဏ္ဍာငွေဖြင့် Every Day TT ကုမ္ပဏီက ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့မှစ၍ စတင်အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး မိုင်းဟဲကျေးရွာအုပ်စုရှိ ကာလကျေးရွာနှင့် နားမွန်းကျေးရွာများရှိ တောင်သူ (၇၀) ကျော်ကို ခွဲဝေပေးမည်ဖြစ်ကြောင်း သိရသည်။

ကုန်းမြင့်လယ်ယာဖေါ်ဆောင်ရေးတွင် လှေကားထစ်လယ်ယာများ၊ မြေပြန့်လယ်ယာများ ပါဝင်ပြီး သြဂုတ်လ (၃၁) ရက်နေ့တွင် အပြီးသတ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာတွင် လယ်ယာမဲ့တောင်သူများအတွက် အကောင်အထည်ဖော်နေသည့် ကုန်းမြင့်လယ်ယာ ဧက (၉၀)ကို သြဂုတ်လကုန်တွင် အပြီးသတ် ဖော်ဆောင်မည်ဖြစ်ပြီး လက်ရှိတွင်လည်း ဖော်ဆောင်ထားပြီး မြေနေရာများတွင် စိုက်ပျိုးနပြေီဖြစ်ကြောင်း သိရသည်။

"ကုန်းမြင့်လယ်ယာ ဧက (၉၀) ဖော်ထုတ်တာက အဓိက ကတော့ စိုက်ပျိုးဖို့ခက်ခဲတဲ့ တောင်သူတွေ၊ လယ်မဲ့ယာမဲ့တောင်သူတွေကို အဓိကဦးစားပေးဖို့ ဖော်ဆောင်တာ။ မြေလွတ်မြေရိုင်းတွေပါသလို ရွာသားတွေပိုင်တဲ့မြေကို ထပ်ပြီးချဲ့ပေးတာတွေလည်း ပါတယ်။ ဆိုလိုတာကတော့ တောင်စောင်းတွေ ဘာတွေမှာ ကပ်ပြီးလုပ်နေရတဲ့ ရွာသားတွေရှိတယ်။ တောင်ကမ်းပါးရံတွေကို စနစ်တကျဖြိုချပြီးတော့ ဖော်ထုတ်ပေးတာပေါ့။ မူလတောင်သူပိုင်တာ (၁) ဧကဆို (၂) ဧက၊ (၃) ဧက ပိုင်သွားတာတွေရှိတာပေါ့။ သူတို့တောရှင်းပြီးလုပ်ရတဲ့ နေရာတွေလည်း ထပ်ပြီးချဲ့ပေးတာတွေရှိတာပေါ့။ အဲဒီနေရာတွေက မြေလွတ်မြေရိုင်းတွေပေါ့"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လယ်ယာမြေဖော်ဆောင်ရေးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းခွင့်ပြုဘဏ္ဍာငွဖြေင့် Every Day TT ကုမ္ပဏီက ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့မှစ၍ စတင်အကောင်အထည်ဖော်နခြေင်းဖြစ်ပြီး မိုင်းဟဲကျေးရွာအုပ်စုရှိ ကာလကျေးရွာနှင့် နားမွန်းကျေးရွာများရှိ တောင်သူ (၇၀) ကျော်ကို ခွဲဝေပေးမည်ဖြစ်ကြောင်း သိရသည်။

ကုန်းမြင့်လယ်ယာဖော်ဆောင်ရေးတွင် လှေကားထစ်လယ်ယာများ၊ မြပြေန့်လယ်ယာများ ပါဝင်ပြီး သြဂုတ်လ (၃၁) ရက်နေ့တွင် အပြီးသတ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net