တာချီလိတ်သို့ တရားမဝင် ဝင်ရောက်ပြီး နေအိမ်တွင်းကျူးကျော်နေထိုင်သည့် ထိုင်းနိုင်ငံသားကို အရေးယူပြီးနောက် ပြည်နှင်ဒဏ်ပေး

တာချီလိတ်သို့ တရားမဝင် ဝင်ရောက်ပြီး နေအိမ်တွင်းကျူးကျော်နေထိုင်သည့် ထိုင်းနိုင်ငံသားကို အရေးယူပြီးနောက် ပြည်နှင်ဒဏ်ပေး
ဇန်နဝါရီ 7, 2020
By Tachileik News Agency

တာချီလိတ်သို့ တရားမဝင် ဝင်ရောက်ပြီး နေအိမ်တွင်းကျူးကျော်နေထိုင်သည့် ထိုင်းနိုင်ငံသားကို အရေးယူပြီးနောက် ပြည်နှင်ဒဏ်ပေး

မြန်မာ - ထိုင်းနယ်စပ် ဒေသ တာချီလိတ်မြို့သို့ တရားမဝင် ဝင်ရောက်မှုကြောင့် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ပြစ်ဒဏ် ကျခံပြီးဖြစ်သည့် ထိုင်းနိုင်ငံသားတစ်ဦးကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့တွင်  မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား မှတဆင့် ပြည်နှင်ဒဏ်ပေးလိုက်သည်။

အဆိုပါ ထိုင်းနိုင်ငံသား Wan Thai ကို တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့က လှည့်ကင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး နိုင်ငံတွင်း တရားမဝင် ဝင်ရောက်ကာ နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်နေထိုင်မှုဖြင့် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။

ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်သဖြင့် လဝကအက်ဥပဒေ ပုဒ်မ ၃(၁)ကျူး/၁၃(၁)အရ ထောင်ဒဏ် (၆)လနှင့် ရာဇသတ်ကြီးပုဒ်မ ၄၅၄ အရ အလုပ်နှင့်ထောင်ဒဏ် (၁)နှစ် ကျခံခဲ့ရခြင်းဖြစ်သည်။

ပြစ်ဒဏ်ကျခံပြီးဖြစ်သည့် ထိုင်းနိုင်ငံသားကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~