တာချီလိတ်၌ ဧပြီလ(၁၃)ရက်တွင် စောင့်ကြည့်လူနာ (၂)ဦး ထပ်တိုးလာ၍ COVID 19 အဖြေစောင့်နေသူ (၈)ဦး ရှိလာ

တာချီလိတ်၌ ဧပြီလ(၁၃)ရက်တွင် စောင့်ကြည့်လူနာ (၂)ဦး ထပ်တိုးလာ၍ COVID 19 အဖြေစောင့်နေသူ (၈)ဦး ရှိလာ
ဧပြီ 13, 2020
By Tachileik News Agency
တာချီလိတ်၌ ဧပြီလ(၁၃)ရက်တွင် စောင့်ကြည့်လူနာ (၂)ဦး ထပ်တိုးလာ၍ COVID 19  အဖြေစောင့်နေသူ (၈)ဦး ရှိလာ

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့၌ COVID 19 စောင့်ကြည့်သံသယလူနာ (၂)ဦး ထပ်တိုးလာသဖြင့် ခရိုင်ပြည်သူ့ဆေးရုံမှ ဓါတ်ခွဲအဖြေစောင့်လူနာ စုစုပေါင်း (၈)ဦးရှိပြီဖြစ်သည်။

“ဒီကနေ့ ထပ်တိုးတာက ပြင်ပဆေးရုံကလွှဲလာတဲ့ အသက် (၆၃)နှစ် အမျိုးသမီးတစ်ဦး၊ နောက် အသက် (၁၂) နှစ်ကလေးတစ်ဦးဆိုတော့ စုစုပေါင်း (၂)ဦးတိုးလာတယ်”ဟု ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ခရိုင်ဦးစီးမှူး ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထပ်တိုးလာသည့် စောင့်ကြည့်လူနာ (၂)ဦးထံမှ ဓါတ်ခွဲနမူနာများကို ဧပြီလ (၁၄)ရက်နေ့တွင် ကျိုင်းတုံမှတစ်ဆင့် ရန်ကုန်သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင် ကျောက်မဲမှ အတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများထဲမှ စောင့်ကြည့်လူနာ (၂)ဦးနှင့် နေအိမ်တွင် အသွားအလာကန့်သတ်စောင့်ကြည့် (၃)ဦး၏ ဓါတ်ခွဲနမူနာကို ဧပြီလ (၁၁)ရက်နေ့ကလည်းကောင်း၊ မိုင်းဆတ်မှ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းလာပြီး သေဆုံးသွားသည့် လူနာ၏ ဓါတ်ခွဲနမူနာကို ဧပြီလ (၁၂)ရက်နေ့တွင် လည်းကောင်း ရယူပေးပို့ထားပြီး ဓါတ်ခွဲအဖြေစောင့်ဆိုင်းနေခြင်းဖြစ်သည်။

တာချီလိတ်မှ ဓါတ်ခွဲနမူနာများကို ရန်ကုန်သို့ လေကြောင်းဖြင့် ချက်ချင်း ပို့ဆောင်နိုင်ခဲ့သော်လည်း လေကြောင်းခရီးစဉ်များ ပျံသန်းမှုကို ဧပြီလ (၁၉)ရက်နေ့အထိ ရပ်ဆိုင်းထားသဖြင့် တာချီလိတ် - ကျိုင်းတုံ - တောင်ကြီး - ရန်ကုန်ခရီးစဉ်အတိုင်း ကားလမ်းမှပို့ဆောင်ရ၍ ဓါတ်ခွဲခန်းရောက်ရှိချိန် ပိုကြာလာခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~