မိုင်းပျဉ်းမြို့တွင် Covid-19 အတည်ပြုလူနာ လမ်းလုပ်သားတစ်ဦး တိုး

မိုင်းပျဉ်းမြို့တွင် Covid-19 အတည်ပြုလူနာ လမ်းလုပ်သားတစ်ဦး တိုး
ဒီဇင်ဘာ 7, 2020
By Tachileik News Agency
မိုင်းပျဉ်းမြို့တွင် Covid-19 အတည်ပြုလူနာ လမ်းလုပ်သားတစ်ဦး တိုး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့တွင် အသွားအလာကန့်သတ်ထားသည့် လမ်းလုပ်သား (၁)ဦး၌ COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့၏ စစ်ဆေးချက်အရ သိရသည်။ 
လမ်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် ခေါ်ဆောင်လာသည့် လမ်းလုပ်သားများအား လုပ်ငန်းဆောင်ရွက်မည့်ဒေသတွင် လုပ်ငန်းမဆောင်ရွက်မီ အသွားအလာကန့်သတ်ပြီး COVID 19 စစ်ဆေးပေးနေခြင်းဖြစ်သည်။
မိုင်းပျဉ်းတွင် လက်ရှိအချိန်ထိ ကုသမှုခံယူနေသည့် ရန်ကုန်ပြန် အမျိုးသမီးအတည်ပြုလူနာ (၁)ဦးရှိသဖြင့် အတည်ပြုလူနာ (၂)ဦးရှိလာပြီဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် ဒီဇင်ဘာလ (၇)ရက်နေ့ နေ့လယ်ပိုင်းအထိ မိုင်းပျဉ်းမြို့မှ အတည်ပြုလူနာ (၁)ဦးသာ ထပ်တိုးလာခြင်းဖြစ်သည်။
 
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~