တာချီလိတ်မြို့တွင် (၃)ရက်အတွင်း   ကြိုးဆွဲချသေဆုံးသူ (၂)ဦးရှိ

တာချီလိတ်မြို့တွင် (၃)ရက်အတွင်း   ကြိုးဆွဲချသေဆုံးသူ (၂)ဦးရှိ

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စုအတွင်း ဝမ်ကျောက်လုံကျေးရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ၂၀၂၁ခုနှစ် မေလ(၁)ရက်နေ့ ညနေတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကြိုးဆွဲချသေဆုံးသူမှာ အသက်(၆၁)နှစ်အရွယ် ဦးအိုက်ကော့ ဆိုသူဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းက သွားရောက်ကူညီကာ သယ်ဆောင်ပြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း နှင့် ကြိုးဆွဲချသေဆုံးရသည့် အကြောင်းအရင်းကိုတော့ သေချာမသိသေးကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဧပြီလ(၂၉)ရက်နေ့ကလည်း ပုန်းထွန်ရပ်ကွက်အတွင်းမှ အသက်(၂၉)နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့သည်။

 

ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း