က်ိဳင္းတံုၿမိဳ႕နယ္ ဝမ္ေပါက္ရြာတြင္ ေက်ာက္ထုတ္လုပ္ငန္းခြင္မ်ားသို႔ စိတ္ၾကြေဆးလုိက္လံေရာင္းခ်သူတစ္ဦးကို ဖမ္းမိ

က်ိဳင္းတံုၿမိဳ႕နယ္ ဝမ္ေပါက္ရြာတြင္ ေက်ာက္ထုတ္လုပ္ငန္းခြင္မ်ားသို႔ စိတ္ၾကြေဆးလုိက္လံေရာင္းခ်သူတစ္ဦးကို ဖမ္းမိ
မေ 13, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္ ဝမ္ေပါက္ရြာထိပ္တြင္ စိတ္ၾကြေဆးျပား (၅၀၀)ျပားႏွင့္ ဖမ္းမိသည့္ လူငယ္မွာ ေက်ာက္ထုတ္လုပ္ငန္းခြင္မ်ားတြင္ စိတ္ၾကြေဆးျပားလုိက္လံေရာင္းခ်ၿပီး သံုးစြဲရန္ေဆးဖိုးရွာေနသူတစ္ဦးျဖစ္သည္ကို စစ္ေဆးေတြ႔ရိွရေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

မူးယစ္တပ္ဖြဲ႕စု (၂၈)က်ိဳင္းတံုမွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ၂၀၁၉ ခုႏွစ္၊ ေမလ (၁၂)ရက္ေန႔ နံနက္ (၁၁)နာရီဝန္းက်င္တြင္ က်ိဳင္းတံုၿမိဳ႕နယ္၊ လြယ္လံုုေက်းရြာအုပ္စု၊ဝမ္ေပါက္ရြာထိပ္လမ္းတြင္ ကတ္ဝိုးရြာဘက္မွ ဆုိင္ကယ္စီးနင္းလာသည့္ မင္းခန္႔အား စစ္ေဆးရာ စိတ္ၾကြေဆးျပား စုစုေပါင္း (၅၀၀)ျပားကို ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မင္းခန္႔သည္ စိတ္ၾကြေဆးျပားကို လြန္ခဲ့သည့္ ေလးႏွစ္ေက်ာ္ကတည္းက သံုးစြဲေနျခင္းျဖစ္ၿပီး ေဆးဖိုးရရိွရန္အတြက္ ရြာဝန္းက်င္ရိွ ေက်ာက္ထုတ္လုပ္ငန္းမ်ားသို႔ လွည့္လည္၍ စိတ္ၾကြေဆးျပန္လည္ေရာင္းခ်ေနသူျဖစ္ေၾကာင္း စစ္ေဆးသိရိွရသည္ဟု သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္ ( ၂၀ )အရြယ္ မင္းခန္႔ကို က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၂၁/၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံမြို့နယ် ဝမ်ပေါက်ရွာတွင် ကျောက်ထုတ်လုပ်ငန်းခွင်များသို့ စိတ်ကြွဆေးလိုက်လံရောင်းချသူတစ်ဦးကို ဖမ်းမိ
*********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် ဝမ်ပေါက်ရွာထိပ်တွင် စိတ်ကြွဆေးပြား (၅၀၀)ပြားနှင့် ဖမ်းမိသည့် လူငယ်မှာ ကျောက်ထုတ်လုပ်ငန်းခွင်များတွင် စိတ်ကြွဆေးပြားလိုက်လံရောင်းချပြီး သုံးစွဲရန်ဆေးဖိုးရှာနေသူတစ်ဦးဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်တပ်ဖွဲ့စု (၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ၂၀၁၉ ခုနှစ်၊ မေလ (၁၂)ရက်နေ့ နံနက် (၁၁)နာရီဝန်းကျင်တွင် ကျိုင်းတုံမြို့နယ်၊ လွယ်လုုံကျေးရွာအုပ်စု၊ဝမ်ပေါက်ရွာထိပ်လမ်းတွင် ကတ်ဝိုးရွာဘက်မှ ဆိုင်ကယ်စီးနင်းလာသည့် မင်းခန့်အား စစ်ဆေးရာ စိတ်ကြွဆေးပြား စုစုပေါင်း (၅၀၀)ပြားကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မင်းခန့်သည် စိတ်ကြွဆေးပြားကို လွန်ခဲ့သည့် လေးနှစ်ကျော်ကတည်းက သုံးစွဲနေခြင်းဖြစ်ပြီး ဆေးဖိုးရရှိရန်အတွက် ရွာဝန်းကျင်ရှိ ကျောက်ထုတ်လုပ်ငန်းများသို့ လှည့်လည်၍ စိတ်ကြွဆေးပြန်လည်ရောင်းချနေသူဖြစ်ကြောင်း စစ်ဆေးသိရှိရသည်ဟု သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက် ( ၂၀ )အရွယ် မင်းခန့်ကို ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၂၁/၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net