တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်က စပြီး မြို့ပြင် မိုင်းကိုး၊ မိုင်းဖုန်းအထိ မတ်လ(၂၁)ရက်နေ့ နေ့ပိုင်း လျှပ်စစ်မီး ပျက်မည်

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်က စပြီး မြို့ပြင် မိုင်းကိုး၊ မိုင်းဖုန်းအထိ မတ်လ(၂၁)ရက်နေ့ နေ့ပိုင်း လျှပ်စစ်မီး ပျက်မည်
မတ် 20, 2021 | ရှမ်းရှေ့
By တာချီလိတ်

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်က စပြီး မြို့ပြင် မိုင်းကိုး၊ မိုင်းဖုန်းအထိ မတ်လ(၂၁)ရက်နေ့ နေ့ပိုင်း လျှပ်စစ်မီး ပျက်မည်

တာချီလိတ်မြို့တွင် လျှပ်စစ်ဓါတ်အားထိန်းသိမ်းရေးအတွက် စက်ပစ္စည်း တပ်ဆင်မှုများပြုလုပ်ရန်ရှိသည့်အတွင် မယ်ခေါင်ရပ်ကွက်မှ စ၍ မြို့နယ် ကျေးရွာအုပ်စုများအထိ မတ်လ(၂၁)ရက်နေ့တွင် နေ့ပိုင်း (၆)နာရီဝန်းကျင်အကြာ လျှပ်စစ်ဓါတ်အား ခေတ္တဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ မယ်ယန်းသွားသည့် လမ်းဆုံ မီးပွိုင့်အကျော် ရောင်နီဦးဆီပန့်ရှေ့ရှိ ဓါတ်မီးတိုင်တွင် Recloser တစ်စုံ တပ်ဆင်မည်ဖြစ်သည့်အတွက် မီးလင်းရေးရုံးခွဲ(တာဝေ)အပိုင်းတစ်ခုလုံး လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်သည်။

လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အန္တရာယ်ကင်းစေရေးအတွက် မီးလင်းရေးရုံးခွဲ(တာဝေ)အပိုင်းတွင် ပါဝင်သည့် မယ်ခေါင်ရပ်ကွက်၊ ရန်အောင်မြေ(ပါလျှံ)ရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက်၊ ပါဆတ်ရပ်ကွက်၊ ဆေခမ်း(ဟောင်လိတ်)ရပ်ကွက် အပြင် ဝမ်လုံးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဖုန်း(က) နှင့် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုများအထိ ၂၀၂၁ခုနှစ် မတ်လ(၂၁)ရက်နေ့ နံနက်(၉)နာရီအချိန်မှ ညနေ(၃)နာရီဝန်းကျင်အထိ လျှပ်စစ်မီး ပြတ်တောက်မည် ဖြစ်သည်။

တာချီလိတ်မြို့သည် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို ရယူပြီး ဖြန့်ဝေပေးနေခြင်းဖြစ်သည်။