တာချီလိတ်တွင် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များ ဖမ်းဆီးရန် ညွှန်ကြားထား

တာချီလိတ်တွင် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များ ဖမ်းဆီးရန် ညွှန်ကြားထား
မတ် 11, 2020
By Tachileik News Agency
တာချီလိတ်တွင် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များ ဖမ်းဆီးရန် ညွှန်ကြားထား

ပါဝါအိတ်ဇောတပ် ဆိုင်ကယ်များကြောင့် ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်စေ၍ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်ပြီး စီမံချက်ဖြင့် ဖမ်းဆီးအရေးယူရန်  အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)ကို ညွှန်ကြားထားကြောင်း သိရသည်။

ကျွန်တော်တို့ ဒုပြည်နယ်မှာ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်ခရိုင်တွေ ပေါ့။ ကျွန်တော်တို့ ယာဉ်ထိန်းတပ်ဖွဲ့ရှိတဲ့ နေရာတွေမှာ ပါဝါအိတ်ဇောတွေဖမ်းဖို့ ညွှန်ကြားချက်တွေ ထုတ်ထားတယ်။ အသိပညာပေးမှုတွေက အရင်ကတည်းက လုပ်ခဲ့တယ်။ နောက်ပိုင်းမှ ဖမ်းဆီးမှုတွေ လုပ်တယ်။ ပါဝါအိတ်ဇောတို့၊ ခါးပတ်တို့၊ ဦးထုပ်တို့က ပညာပေးခဲ့တာ အကြိမ်ပေါင်း မနည်းတော့ဘူး

ဟု အမှတ်(၁၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရှမ်းအရှေ့)မှ   ရဲမှူးညီညီလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)က ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များကို စီမံချက်ဖြင့် ဖမ်းဆီးခြင်းများ လုပ်ဆောင်နေပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ မတ်လ (၈) ရက်နေ့အထိ ပါဝါအိတ်ဇောတပ် ဆိုင်ကယ် (၃၂) စီး ဖမ်းဆီးထားကြောင်း အမှတ်(၁၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရှမ်းအရှေ့)သို့ တင်ပြသည့် စာရင်းအရ သိရသည်။

တာချီလိတ်တွင် ဆိုင်ကယ် ပါဝါအိတ်ဇောကြီးများ ဖမ်းဆီးအရေးယူနေသည်ဟု ဆိုသော်လည်း  တက္ကသိုလ်ဝင်တန်းစာမေးပွဲများ မဖြေဆိုမီ စာကျက်သည့် ကာလများတွင်လည်း ညပိုင်းများ၌ ဆိုင်ကယ် ပါဝါအိတ်ဇောသံများ ဆူညံမှုများရှိနေဆဲဖြစ်သည့်အတွက် ထိထိရောက်ရောက် အရေးယူတားဆီးနိုင်ရန် ဒေသခံများက လိုလားနေကြောင်းလည်း ကြားသိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~