ေမလ(၂၅)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕၌ က်င္းပမည့္ လူငယ္အင္ဂ်င္နီယာဖိုရမ္သို႔ စိတ္ဝင္စားသူမ်ား တက္ေရာက္ႏိုင္

ေမလ(၂၅)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕၌ က်င္းပမည့္ လူငယ္အင္ဂ်င္နီယာဖိုရမ္သို႔ စိတ္ဝင္စားသူမ်ား တက္ေရာက္ႏိုင္
မေ 17, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပုိင္း၊ က်ိဳင္းတံုၿမိဳ႕၌ (၅)ႀကိမ္ေျမာက္ လူငယ္အင္ဂ်င္နီယာဖိုရမ္ကို ၂၀၁၉ ခုႏွစ္၊ ေမလ (၂၅)ရက္ေန႔တြင္ Amazing Keng Tung Resort Hotel ၌ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၉ ခုႏွစ္ လူငယ္အင္ဂ်င္နီယာဖိုရမ္တြင္ နယ္စပ္ေဒသဖြံ႕ၿဖိဳးေရးမွ လူငယ္အင္ဂ်င္နီယာမ်ား၏ အခန္းက႑ေခါင္းစဥ္ျဖင့္ ေဆြးေႏြးၾကမည္ျဖစ္ၿပီး က်ိဳင္းတံုႏွင့္ တာခ်ီလိတ္ရိွ အင္ဂ်င္နီယာမ်ားအျပင္ စိတ္ပါဝင္စားသူမ်ား တက္ေရာက္ေလ့လာႏုိင္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားကို ေမလ (၂၅)ရက္ေန႔ နံနက္ (၉)နာရီတြင္ စတင္က်င္းပမည္ျဖစ္ၿပီး ျမန္မာႏုိင္ငံအင္ဂ်င္နီယာအသင္း၊ လူငယ္အင္ဂ်င္နီယာေကာ္မတီက ေဒသတြင္းလုပ္ငန္းရွင္မ်ား ပံပိုးမႈျဖင့္ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ (၅)ကြိမ်မြောက် လူငယ်အင်ဂျင်နီယာဖိုရမ်ကို ၂၀၁၉ ခုနှစ်၊ မေလ (၂၅)ရက်နေ့တွင် Amazing Keng Tung Resort Hotel၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် လူငယ်အင်ဂျင်နီယာဖိုရမ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးမှ လူငယ်အင်ဂျင်နီယာများ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဆွေးနွေးကြမည်ဖြစ်ပြီး ကျိုင်းတုံနှင့် တာချီလိတ်ရှိ အင်ဂျင်နီယာများအပြင် စိတ်ပါဝင်စားသူများ တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို မေလ (၂၅)ရက်နေ့ နံနက် (၉)နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ လူငယ်အင်ဂျင်နီယာကော်မတီက ဒေသတွင်းလုပ်ငန်းရှင်များ ပံပိုးမှုဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net