ရွမ္းျပည္နယ္အတြင္း စိုက္ပ်ဳိးေျမပိုင္ဆိုင္သူမ်ား သစ္ပင္စိုက္ပ်ိဳးလိုပါက စိုက္ပ်ဳိးလိုသည့္ အပင္မ်ားႏွင့္အတူ လုပ္အားေပးစနစ္ျဖင့္ အခမ့ဲ ကူညီစိုက္ပ်ဳိးေပးမည္ျဖစ္ေၾကာင္း ျပည္နယ္၀န္ႀကီးဆို

ရွမ္းျပည္နယ္အတြင္း စိုက္ပ်ဳိးေျမပိုင္ဆိုင္သူမ်ား သစ္ပင္စိုက္ပ်ိဳးလိုပါက စိုက္ပ်ဳိးလိုသည့္ အပင္မ်ားႏွင့္အတူ လုပ္အားေပးစနစ္ျဖင့္ အခမ့ဲ ကူညီစိုက္ပ်ဳိးေပးမည္ျဖစ္ေၾကာင္း ျပည္နယ္၀န္ႀကီးဆို
မေ 17, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္းရိွ ေက်းရြာမ်ားတြင္ စိုက္ပ်ိဳးေျမဧကမ်ားပိုင္ဆိုင္ၿပီး စိုက္ပ်ိဳးရန္ ပ်ိဳးပင္အခက္အခဲႏွင့္ လုပ္အား အခက္အခဲရိွသူမ်ားအတြက္ ပိုင္ဆိုင္သည့္ေျမဧကႏွင့္ စိုက္ပ်ိဳးလိုသည့္ အပင္အမ်ိဳးအစားကို သစ္ေတာဦးစီးဌာနသို႔ လာေရာက္ တင္ျပပါက လုပ္အားေပးစနစ္ျဖင့္ အခမဲ့စိုက္ပ်ိဳးေပးရန္ စီစဥ္ေဆာင္ရြက္ထားေၾကာင္း ျပည္နယ္၀န္ႀကီးက အသိေပးထားရွိသည္။

"လုပ္အားလွဴမယ့္သူက ဖုန္းနံပါတ္ျဖန္႔လိုက္မယ္။ ကၽြန္ေတာ္ကပ်ိဳးပင္လက္က်န္စာရင္းေပးလိုက္လို႔ရိွရင္ စိုက္ခ်င္တဲ့သူက ကၽြန္ေတာ္က ဘယ္ရြာကပါ။ ဘယ္ႏွစ္ဧကရိွပါတယ္။ ဘာပင္ ဘယ္ႏွစ္ပင္စိုက္ေပးပါဆိုရင္သြားၾကည့္မယ္။ စိုက္မယ့္သူေတြစုၿပီး အားတဲ့တစ္ရက္စိုက္ေပးလိုက္လို႔ရိွရင္ ကာယကံရွင္မွာလည္း ႏွစ္ရွည္သစ္ေတာျဖစ္ေစ၊ ႏွစ္ရွည္စိုက္ခင္းျဖစ္ေစ ရသြားတာေပါ့။ မ်ားေသာအားျဖင့္ ရြာကလူေတြက ပ်ိဳးပင္၀ယ္ဆိုရင္ အခက္အခဲရိွၾကတယ္။ စိုက္တဲ့သူမွာလည္း အခက္အခဲ မရိွေတာ့ဘူးေပါ့။ သူမ်ားပ်ိဳးထားတဲ့ပ်ိဳးပင္ကို ေပ်ာ္ေပ်ာ္ပါးပါးသြားစိုက္ေပးလိုက္တယ္။ ပ်ိဳးပင္ေတြကို သစ္ေတာနဲ႔ အခ်ိဳ႕ၿမိဳ႕နယ္ေတြမွာဆို စိုက္ပ်ိဳးေရးက ႏွစ္ရွည္ပင္ျဖန္႔တာေတြ စိုက္ၾကဖို႔ေပါ့"ဟု ရွမ္းျပည္နယ္ သယံဇာတႏွင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီးဌာနမွ ျပည္နယ္၀န္ႀကီးေဒါက္တာညီညီေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ရွမ္းျပည္နယ္အတြင္း ေရြ႕ေျပာင္းေတာင္ယာခုတ္ထြင္မႈမ်ားေၾကာင့္ သစ္ေတာျပဳန္းတီးမႈမ်ားျဖစ္ပြားေနၿပီး ဆံုးရံႈးသြားေသာ သစ္ေတာမ်ား ျပန္လည္ အစားထိုးစိုက္ပ်ိဳးႏိုင္ရန္အတြက္ ျပည္သူလူထုပူးေပါင္းပါ၀င္ေသာ သစ္ပင္စိုက္ပ်ိဳးမႈျဖစ္ေပၚေစရန္ စီမံခ်က္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

"ဌာနပိုင္စိုက္ခင္းက တစ္ႏွစ္တစ္ႏွစ္ကို ျပည္သူ႔ပိုင္ဘ႑ာထဲက တစ္ႏိုင္ငံလံုးမွာမွ ဧက (၃၀,၀၀၀) ေက်ာ္ေက်ာ္ေလာက္ပဲေပးႏိုင္တာ။ ေတာင္ယာခုတ္ႏႈန္းက ရခိုင္ဘက္တာ၀န္က်ဘူးတဲ့ သစ္ေတာအရာရိွေတြေျပာျပတာက တစ္ၿမိဳ႕နယ္ထဲ ဧက (၃၀,၀၀၀) ေလာက္ခုတ္တယ္။ ရွမ္းျပည္နယ္လည္း အဲဒီထက္မနိမ့္ေလာက္ဘူး။ ခုတ္ႏႈန္းေကာင္းသလို စိုက္ႏႈန္းေကာင္းဖို႔လည္း လိုတယ္"ဟု ျပည္နယ္၀န္ႀကီး ေဒါက္တာညီညီေအာင္က ေျပာသည္။

ႏွစ္စဥ္က်င္းပေလ့ရိွသည့္ မိုးရာသီးသစ္ပင္စိုက္ပြဲေတာ္ကို တစ္ႏွစ္တစ္ႀကိမ္ စိုက္ပ်ိဳးေနၿပီး ဌာနဆိုင္ရာမ်ားသာ အမ်ားဆံုးစိုက္ပ်ိဳးသည့္ ပံုစံျဖစ္ေနရာမွ ၂၀၁၉ ခုႏွစ္ မိုးရာသီက စတင္ၿပီး ျပည္သူလူထုပါ၀င္သည့္ စုေပါင္းသစ္ပင္စိုက္ပ်ိဳးပြဲျဖစ္ေစရန္ ေဆာင္ရြက္ေနေၾကာင္းႏွင့္ ရွမ္းျပည္နယ္တြင္ တစ္ႏွစ္(၂) ႀကိမ္စိုက္ပ်ိဳးရန္စီစဥ္ထားေၾကာင္း သိရသည္။   

သတင္း - ဟန္စိုးထိုက္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးမြေဧကများပိုင်ဆိုင်ပြီး စိုက်ပျိုးရန် ပျိုးပင်အခက်အခဲနှင့် လုပ်အား အခက်အခဲရှိသူများအတွက် ပိုင်ဆိုင်သည့်မြေဧကနှင့် စိုက်ပျိုးလိုသည့် အပင်အမျိုးအစားကို သစ်တောဦးစီးဌာနသို့ လာရောက် တင်ပြပါက လုပ်အားပေးစနစ်ဖြင့် အခမဲ့စိုက်ပျိုးပေးရန် စီစဉ်ဆောင်ရွက်ထားကြောင်း ပြည်နယ်ဝန်ကြီးက အသိပေးထားရှိသည်။

"လုပ်အားလှူမယ့်သူက ဖုန်းနံပါတ်ဖြန့်လိုက်မယ်။ ကျွန်တော်ကပျိုးပင်လက်ကျန်စာရင်းပေးလိုက်လို့ရှိရင် စိုက်ချင်တဲ့သူက ကျွန်တော်က ဘယ်ရွာကပါ။ ဘယ်နှစ်ဧကရှိပါတယ်။ ဘာပင် ဘယ်နှစ်ပင်စိုက်ပေးပါဆိုရင်သွားကြည့်မယ်။ စိုက်မယ့်သူတွေစုပြီး အားတဲ့တစ်ရက်စိုက်ပေးလိုက်လို့ရှိရင် ကာယကံရှင်မှာလည်း နှစ်ရှည်သစ်တောဖြစ်စေ၊ နှစ်ရှည်စိုက်ခင်းဖြစ်စေ ရသွားတာပေါ့။ များသောအားဖြင့် ရွာကလူတွေက ပျိုးပင်ဝယ်ဆိုရင် အခက်အခဲရှိကြတယ်။ စိုက်တဲ့သူမှာလည်း အခက်အခဲ မရှိတော့ဘူးပေါ့။ သူများပျိုးထားတဲ့ပျိုးပင်ကို ပျော်ပျော်ပါးပါးသွားစိုက်ပေးလိုက်တယ်။ ပျိုးပင်တွေကို သစ်တောနဲ့ အချို့မြို့နယ်တွေမှာဆို စိုက်ပျိုးရေးက နှစ်ရှည်ပင်ဖြန့်တာတွေ စိုက်ကြဖို့ပေါ့"ဟု ရှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်နယ်ဝန်ကြီးဒေါက်တာညီညီအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ရှမ်းပြည်နယ်အတွင်း ရွေ့ပြောင်းတောင်ယာခုတ်ထွင်မှုများကြောင့် သစ်တောပြုန်းတီးမှုများဖြစ်ပွားနပြေီး ဆုံးရှုံးသွားသော သစ်တောများ ပြန်လည် အစားထိုးစိုက်ပျိုးနိုင်ရန်အတွက် ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးမှုဖြစ်ပေါ်စေရန် စီမံချက် ဆောင်ရွက်နေကြောင်း သိရသည်။

"ဌာနပိုင်စိုက်ခင်းက တစ်နှစ်တစ်နှစ်ကို ပြည်သူ့ပိုင်ဘဏ္ဍာထဲက တစ်နိုင်ငံလုံးမှာမှ ဧက (၃၀,ဝဝဝ) ကျော်ကျော်လောက်ပဲပေးနိုင်တာ။ တောင်ယာခုတ်နှုန်းက ရခိုင်ဘက်တာဝန်ကျဘူးတဲ့ သစ်တောအရာရှိတွေပြောပြတာက တစ်မြို့နယ်ထဲ ဧက (၃၀,ဝဝဝ) လောက်ခုတ်တယ်။ ရှမ်းပြည်နယ်လည်း အဲဒီထက်မနိမ့်လောက်ဘူး။ ခုတ်နှုန်းကောင်းသလို စိုက်နှုန်းကောင်းဖို့လည်း လိုတယ်"ဟု ပြည်နယ်ဝန်ကြီး ဒေါက်တာညီညီအောင်က ပြောသည်။

နှစ်စဉ်ကျင်းပလေ့ရှိသည့် မိုးရာသီးသစ်ပင်စိုက်ပွဲတော်ကို တစ်နှစ်တစ်ကြိမ် စိုက်ပျိုးနပြေီး ဌာနဆိုင်ရာများသာ အများဆုံးစိုက်ပျိုးသည့် ပုံစံဖြစ်နေရာမှ ၂၀၁၉ ခုနှစ် မိုးရာသီက စတင်ပြီး ပြည်သူလူထုပါဝင်သည့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲဖြစ်စေရန် ဆောင်ရွက်နေကြောင်းနှင့် ရှမ်းပြည်နယ်တွင် တစ်နှစ်(၂) ကြိမ်စိုက်ပျိုးရန်စီစဉ်ထားကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက် 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net