နမ့်စန်လေတပ်မှ  မိနစ်(၂၀)မိနစ်အတွင်း  ရဟတ်ယာဉ်(၃)စီး တောင်နှင့်အနောက်သို့ ပျံသန်း

နမ့်စန်လေတပ်မှ  မိနစ်(၂၀)မိနစ်အတွင်း  ရဟတ်ယာဉ်(၃)စီး တောင်နှင့်အနောက်သို့ ပျံသန်း
ဇန်နဝါရီ 26, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ရှိ အာဏာသိမ်း စစ်ကောင်စီ၏ လေတပ်စခန်းကနေ မိနစ်(၂၀)အတွင်း စစ်ရဟတ်ယာဉ်(၃)စီးသည် ပျံတက်သွားကြောင်း သိရသည်။

နောက်တစ်စီး တောင်ဘက်ကိုသွားလိုက်တယ်။ ဆေးတပ်ကနေ တက်လာတာ။ ကယားဘက်ကို ဆေးအကူလွတ်တာထင်တယ်

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ နံနက်(၁၁)နာရီ (၅)မိနစ်အချိန်က မြို့၏ အနောက်ဘက်သို့ (၁)စီး၊ နံနက်(၁၁)နာရီ(၁၀)မိနစ်အချိန်က မြို့ဦး တောင်ဘက်သို့ (၁)စီး နှင့်  နံနက်(၁၁)နာရီ (၂၅)မိနစ်အချိန်က ဆေးတပ်ကနေတက်လာသည့် ရဟတ်ယာဉ်တစ်စီးသည်  မြို့၏ တောင်ဘက်သို့ ဦးတည်ပျံသန်းသွားကြောင်း သိရသည်။