4 TV ႏွင့္ 5 Network ရုပ္သံလုိင္းႏွင့္ပတ္သက္၍ စားသံုးသူေရးရာဦးစီးဌာနသို႔ တုိင္ၾကားမႈ ၄၅ မႈအနက္ ၃၃ မႈေျဖရွင္းၿပီး

4 TV ႏွင့္ 5 Network ရုပ္သံလုိင္းႏွင့္ပတ္သက္၍ စားသံုးသူေရးရာဦးစီးဌာနသို႔ တုိင္ၾကားမႈ ၄၅ မႈအနက္ ၃၃ မႈေျဖရွင္းၿပီး
မေ 24, 2018
By Tachileik News Agency
4 TV ႏွင့္ 5 Network ရုပ္သံလုိင္း ရယူၾကည့္ရႈသူမ်ား နစ္နာမႈႏွင့္ ပတ္သက္၍ စားသံုးသူ သတင္းျပန္ၾကားေရးႏွင့္ တုိင္ၾကားမႈ လက္ခံေဆာင္ရြက္ေရးစင္တာသို႔ ဧၿပီလ (၂၅)ရက္ေန႔မွ ေမလ (၂၁)ရက္ေန႔ အထိ တိုင္ၾကားမႈ (၄၅)မႈအနက္ (၃၃)မႈေျဖရွင္းေပးထားရာ ရွမ္းျပည္နယ္စားသံုးသူေရးရာသို႔ တုိင္ၾကားမႈ (၆)မႈ ပါဝင္ေၾကာင္း သိရသည္။

စားသံုးသူသတင္းျပန္ၾကားေရးႏွင့္ တုိင္ၾကားမႈလက္ခံေဆာင္ရြက္ေရးစင္တာသို႔ တုိင္ၾကားလာမႈေပါင္း (၄၅)မႈတြင္ စက္တန္ဖိုးႏွင့္ လစဥ္ေၾကး ျပန္လည္ရရိွသူ (၁၂)ဦး၊ စက္အသစ္လဲလွယ္သူ (၄)ဦး၊ အခမဲ့ၾကည့္ရႈခြင့္ ရသူ(၄)ဦး၊ စက္တန္ဖိုးေငြျပန္လည္ရရိွသူ (၇)ဦးႏွင့္ လစဥ္ေၾကးျပန္လည္လက္ခံသူ(၃)ဦး၊ ဆက္လက္ ၾကည့္ရႈလုိသူ(၃)ဦးတို႔ကို ေျဖရွင္း ေဆာင္ရြက္ေပးၿပီးျဖစ္ေၾကာင္း စားသံုးသူေရးရာဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရၿပီး ရွမ္းျပည္နယ္သို႔ တုိင္ၾကားမႈ(၆)ခုမွာ အားလံုးေျဖရွင္းၿပီးျဖစ္ေၾကာင္း သိရသည္။

“ျပည္သူအေတာ္မ်ားမ်ားက ဒါသည္ အခြင့္အေရးတစ္ရပ္လုိ႔ မသိထားတာက မ်ားတယ္။ ကၽြန္ေတာ္တုိ႔ အေနနဲ႔ကလည္း သူတို႔ကို ပညာေပးေဆြးေႏြးရံုထက္ ေျပာလုိ႔မရဘူး။ စားသံုးသူအခြင့္အေရးနစ္နာရင္ နယ္ေက်ာ္တုိင္လုိ႔လည္းရတယ္။ သက္ဆုိင္ရာေဒသအလုိက္လည္း တုိင္ၾကားလို႔ရပါတယ္။ စားသံုးသူ ေရးရာကို တုိင္ၾကားရာမွာ စာနဲ႔လည္းတုိင္လို႔ရတယ္။ ဖုန္းနဲ႔လည္း တုိင္လုိ႔ရတယ္။ လူမႈကြန္ယက္ ကေနလည္း တုိင္လုိ႔ရတယ္။ ဝက္ဘ္ဆိုဒ္မွာရိွတဲ့ ေဖါင္ကိုျဖည့္ၿပီးလည္း တုိင္လုိ႔ရတယ္”ဟု ရွမ္းျပည္နယ္ စားသံုးသူတုိင္ၾကားမႈ လက္ခံေဆာင္ရြက္ေရးလုပ္ငန္းေကာ္မတီ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္ စားသံုးသူတုိင္ၾကားမႈ လက္ခံေဆာင္ရြက္ေရးလုပ္ငန္းေကာ္မတီသို႔ ေဖေဖၚဝါရီလအထိ စစ္တမ္းအရ (၂၃)ဦးရိွခဲ့ေသာ္လည္း အေရးယူေဆာင္ရြက္ရန္ တုိင္ၾကားမႈမွာ ရန္ကုန္တုိင္းမွ နယ္ေက်ာ္ တုိင္ၾကားမႈ (၅)ခုႏွင့္ ေတာင္ႀကီးမွ တုိင္ၾကားမႈ(၁)ခုတို႔ျဖစ္ေၾကာင္း သိရသည္။

“ Forever အေနနဲ႔ ညိႇႏိႈင္းေဆာင္ရြက္တဲ့အခါမွာ ျဖည့္ဆည္းေဆာင္ရြက္ေပးႏုိင္မႈေတြ ၾကန္႔ၾကာတာကို ေတြ႕ရတယ္။ အဲဒီအတြက္ Forever နဲ႔ပတ္သက္လို႔ ထိထိေရာက္ေရာက္ ေျဖရွင္းေပးမႈမရိွရင္ အေရးယူပါလုိ႔ ညႊန္ၾကားလာတဲ့ အတြက္ အဲဒီအတုိင္းပဲ တုိင္ၾကားထားသူမ်ားကို ဆက္သြယ္ရာမွာ လုပ္ငန္းေဆာင္ရြက္ေပးမႈအေပၚ မယံုၾကည္လုိ႔လည္း ျဖစ္ခ်င္ျဖစ္မွာေပါ့။ သိတဲ့အတုိင္းပဲ အရင္ကေတာ့ ဌာနဆုိင္ရာေတြရဲ႕ အလုပ္ေတြဟာ အင္မတန္ေလးလံထုိင္းမိႈင္းတာကိုး။ ကၽြန္ေတာ္တုိ႔ ေနာက္ဆံုး က်န္တာမွာ (၆)ဦးပဲ ပါလာတယ္။ အဲဒီလူေတြမွာ သူတုိ႔သေဘာဆႏၵအတုိင္း ညိႇႏိႈင္းေပးရာမွာ တစ္ဦးဆို ေဘာက္ခ်ာမွာ ေရးထားတဲ့တန္ဖိုးအတုိင္း ျပန္ေပးတယ္။ သက္တမ္းတိုးထားတာမွာ သူတုိ႔ၾကည့္ရႈၿပီးတဲ့ ကာလႏႈတ္ၿပီး က်န္တဲ့ကာလအတြက္ ျပန္ၿပီးေလ်ာ္ေၾကးေပးပါတယ္။ Forever က စက္လာအပ္ရင္ တကၠစီခပါ ျပန္ေပးတယ္လုိ႔ သိရတယ္”ဟု ရွမ္းျပည္နယ္ စားသံုးသူတုိင္ၾကားမႈ လက္ခံေဆာင္ရြက္ေရး လုပ္ငန္းေကာ္မတီ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။

စားသံုးသူတုိင္ၾကားမႈ လက္ခံေဆာင္ရြက္ေရးလုပ္ငန္းေကာ္မတီသို႔ စားသံုးသူအခြင့္အေရး ခ်ိဳးေဖါက္ ခံရမႈမ်ားႏွင့္ ပတ္သက္၍ တုိင္ၾကားလာပါက တုိင္ၾကားသူ၏ လံုၿခံဳေရးအတြက္ အခ်က္အလက္ ထိန္းသိမ္းေပးျခင္းကို ေကာ္မတီအေနျဖင့္ ေဆာင္ရြက္ေၾကာင္း သိရသည္။

“ တစ္ခုေတာ့ရိွတာကေတာ့ သူ႔အတြက္ အႏၱရာယ္မျဖစ္ေလာက္ဘူး။ သူတုိ႔ခ်င္း ညိႇႏိႈင္းေျဖရွင္းရမယ့္ ကိစၥမ်ားဆိုရင္ေတာ့ သူတို႔ကို(တုိင္ၾကားသူႏွင့္ ေျဖရွင္းေဆာင္ရြက္ရမည့္လုပ္ငန္း) ဆက္သြယ္ေစပါတယ္။ ဒါက တုိင္ၾကားသူအတြက္ အႏၱရာယ္မရိွေစတဲ့အေျခအေနမ်ိဳးမွာ ေျဖရွင္းေပးတာပါ။ တုိင္ၾကားသူေတြရဲ႕ အခ်က္အလက္လံုၿခံဳေအာင္ ထိန္းသိမ္းထားဖို႔က ကၽြန္ေတာ္တုိ႔ တာဝန္ပါ”ဟု ရွမ္းျပည္နယ္ စားသံုးသူ တုိင္ၾကားမႈ လက္ခံေဆာင္ရြက္ေရးလုပ္ငန္းေကာ္မတီ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။

ျပည္တြင္းရုပ္သံလုိင္းျဖစ္သည့္ Forever Group ၏ 4TV ႏွင့္ 5 Network ရုပ္သံလိုင္းမွအစီအစဥ္မ်ားကို ရပ္ဆုိင္း၍ Forever Group ႏွင့္ ျပင္သစ္ႏုိင္ငံမွ အခေပးရုပ္သံလုိင္း Canal +  တုိ႔ အက်ိဳးတူပူးေပါင္း၍ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၂၈)ရက္ေန႔မွစ၍ ေျပာင္းလဲထုတ္လႊင့္ျခင္းႏွင့္ပတ္သက္၍ အဆင္မေျပမႈမ်ားကို ကုမၸဏီအေနျဖင့္ ထိေရာက္စြာေျဖရွင္း ေဆာင္ရြက္ႏုိင္ျခင္းမရိွသျဖင့္ စားသံုးသူမ်ား တုိင္ၾကားလာပါက စားသံုးသူအကာအကြယ္ေပးေရးဥပေဒ (၂၀၁၄)အရ ေျဖရွင္းေပးရန္ စားသံုးသူေရးရာဦးစီးဌာနက ဧၿပီလ  (၁၈)ရက္ေန႔တြင္ ထုတ္ျပန္ထားျခင္းျဖစ္သည္။

သတင္း - ဇာႏွင္း



~~~~~~~~⊰❂ unicode ~~~~~~~~

4 TV နှင့် 5 Network ရုပ်သံလိုင်း ရယူကြည့်ရှုသူများ နစ်နာမှုနှင့် ပတ်သက်၍ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာသို့ ဧပြီလ (၂၅)ရက်နေ့မှ မေလ (၂၁)ရက်နေ့ အထိ တိုင်ကြားမှု (၄၅)မှုအနက် (၃၃)မှုဖြေရှင်းပေးထားရာ ရှမ်းပြည်နယ်စားသုံးသူရေးရာသို့ တိုင်ကြားမှု (၆)မှု ပါဝင်ကြောင်း သိရသည်။

စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာသို့ တိုင်ကြားလာမှုပေါင်း (၄၅)မှုတွင် စက်တန်ဖိုးနှင့် လစဉ်ကြေး ပြန်လည်ရရှိသူ (၁၂)ဦး၊ စက်အသစ်လဲလှယ်သူ (၄)ဦး၊ အခမဲ့ကြည့်ရှုခွင့် ရသူ(၄)ဦး၊ စက်တန်ဖိုးငွပြေန်လည်ရရှိသူ (၇)ဦးနှင့် လစဉ်ကြေးပြန်လည်လက်ခံသူ(၃)ဦး၊ ဆက်လက် ကြည့်ရှုလိုသူ(၃)ဦးတို့ကို ဖြေရှင်း ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရပြီး ရှမ်းပြည်နယ်သို့ တိုင်ကြားမှု(၆)ခုမှာ အားလုံးဖြေရှင်းပြီးဖြစ်ကြောင်း သိရသည်။

“ပြည်သူအတော်များများက ဒါသည် အခွင့်အရေးတစ်ရပ်လို့ မသိထားတာက များတယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း သူတို့ကို ပညာပေးဆွေးနွေးရုံထက် ပြောလို့မရဘူး။ စားသုံးသူအခွင့်အရေးနစ်နာရင် နယ်ကျော်တိုင်လို့လည်းရတယ်။ သက်ဆိုင်ရာဒေသအလိုက်လည်း တိုင်ကြားလို့ရပါတယ်။ စားသုံးသူ ရေးရာကို တိုင်ကြားရာမှာ စာနဲ့လည်းတိုင်လို့ရတယ်။ ဖုန်းနဲ့လည်း တိုင်လို့ရတယ်။ လူမှုကွန်ယက် ကနေလည်း တိုင်လို့ရတယ်။ ဝက်ဘ်ဆိုဒ်မှာရှိတဲ့ ဖောင်ကိုဖြည့်ပြီးလည်း တိုင်လို့ရတယ်”ဟု ရှမ်းပြည်နယ် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးလုပ်ငန်းကော်မတီ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးလုပ်ငန်းကော်မတီသို့ ဖေဖော်ဝါရီလအထိ စစ်တမ်းအရ (၂၃)ဦးရှိခဲ့သော်လည်း အရေးယူဆောင်ရွက်ရန် တိုင်ကြားမှုမှာ ရန်ကုန်တိုင်းမှ နယ်ကျော် တိုင်ကြားမှု (၅)ခုနှင့် တောင်ကြီးမှ တိုင်ကြားမှု(၁)ခုတို့ဖြစ်ကြောင်း သိရသည်။

“ Forever အနေနဲ့ ညှိနှိုင်းဆောင်ရွက်တဲ့အခါမှာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှုတွေ ကြန့်ကြာတာကို တွေ့ရတယ်။ အဲဒီအတွက် Forever နဲ့ပတ်သက်လို့ ထိထိရောက်ရောက် ဖြေရှင်းပေးမှုမရှိရင် အရေးယူပါလို့ ညွှန်ကြားလာတဲ့ အတွက် အဲဒီအတိုင်းပဲ တိုင်ကြားထားသူများကို ဆက်သွယ်ရာမှာ လုပ်ငန်းဆောင်ရွက်ပေးမှုအပေါ် မယုံကြည်လို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ သိတဲ့အတိုင်းပဲ အရင်ကတော့ ဌာနဆိုင်ရာတွေရဲ့ အလုပ်တွေဟာ အင်မတန်လေးလံထိုင်းမှိုင်းတာကိုး။ ကျွန်တော်တို့ နောက်ဆုံး ကျန်တာမှာ (၆)ဦးပဲ ပါလာတယ်။ အဲဒီလူတွေမှာ သူတို့သဘောဆန္ဒအတိုင်း ညှိနှိုင်းပေးရာမှာ တစ်ဦးဆို ဘောက်ချာမှာ ရေးထားတဲ့တန်ဖိုးအတိုင်း ပြန်ပေးတယ်။ သက်တမ်းတိုးထားတာမှာ သူတို့ကြည့်ရှုပြီးတဲ့ ကာလနှုတ်ပြီး ကျန်တဲ့ကာလအတွက် ပြန်ပြီးလျော်ကြေးပေးပါတယ်။ Forever က စက်လာအပ်ရင် တက္ကစီခပါ ပြန်ပေးတယ်လို့ သိရတယ်”ဟု ရှမ်းပြည်နယ် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေး လုပ်ငန်းကော်မတီ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။

စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးလုပ်ငန်းကော်မတီသို့ စားသုံးသူအခွင့်အရေး ချိုးဖောက် ခံရမှုများနှင့် ပတ်သက်၍ တိုင်ကြားလာပါက တိုင်ကြားသူ၏ လုံခြုံရေးအတွက် အချက်အလက် ထိန်းသိမ်းပေးခြင်းကို ကော်မတီအနဖြေင့် ဆောင်ရွက်ကြောင်း သိရသည်။

“ တစ်ခုတော့ရှိတာကတော့ သူ့အတွက် အန္တရာယ်မဖြစ်လောက်ဘူး။ သူတို့ချင်း ညှိနှိုင်းဖြေရှင်းရမယ့် ကိစ္စများဆိုရင်တော့ သူတို့ကို(တိုင်ကြားသူနှင့် ဖြေရှင်းဆောင်ရွက်ရမည့်လုပ်ငန်း) ဆက်သွယ်စေပါတယ်။ ဒါက တိုင်ကြားသူအတွက် အန္တရာယ်မရှိစေတဲ့အခြေအနေမျိုးမှာ ဖြေရှင်းပေးတာပါ။ တိုင်ကြားသူတွေရဲ့ အချက်အလက်လုံခြုံအောင် ထိန်းသိမ်းထားဖို့က ကျွန်တော်တို့ တာဝန်ပါ”ဟု ရှမ်းပြည်နယ် စားသုံးသူ တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးလုပ်ငန်းကော်မတီ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။

ပြည်တွင်းရုပ်သံလိုင်းဖြစ်သည့် Forever Group၏ 4TV နှင့် 5 Network ရုပ်သံလိုင်းမှအစီအစဉ်များကို ရပ်ဆိုင်း၍ Forever Group နှင့် ပြင်သစ်နိုင်ငံမှ အခပေးရုပ်သံလိုင်း Canal + တို့ အကျိုးတူပူးပေါင်း၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့မှစ၍ ပြောင်းလဲထုတ်လွှင့်ခြင်းနှင့်ပတ်သက်၍ အဆင်မပြေမှုများကို ကုမ္ပဏီအနဖြေင့် ထိရောက်စွာဖြေရှင်း ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် စားသုံးသူများ တိုင်ကြားလာပါက စားသုံးသူအကာအကွယ်ပေးရေးဥပဒေ (၂၀၁၄)အရ ဖြေရှင်းပေးရန် စားသုံးသူရေးရာဦးစီးဌာနက ဧပြီလ (၁၈)ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

သတင်း - ဇာနှင်း 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~