မိုင်းဖြတ်မြို့၏ အတည်ပြုလူနာတွင် (၆)ကြိမ်မြောက် စစ်ဆေးမှု၌ covid-19 ပိုး ဆက်လက်တွေ့နေရဆဲ

မိုင်းဖြတ်မြို့၏ အတည်ပြုလူနာတွင် (၆)ကြိမ်မြောက် စစ်ဆေးမှု၌ covid-19 ပိုး ဆက်လက်တွေ့နေရဆဲ
မေ 19, 2020
By Tachileik News Agency
မိုင်းဖြတ်မြို့၏ အတည်ပြုလူနာတွင် (၆)ကြိမ်မြောက် စစ်ဆေးမှု၌ covid-19 ပိုး ဆက်လက်တွေ့နေရဆဲ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့မှ စောင့်ကြည့်လူနာ စုစုပေါင်း (၃)ဦးနှင့် ကျိုင်းတုံပြည်သူ့ဆေးရုံမှ ကုသမှုခံယူနေဆဲ အတည်ပြုလူနာ (၂)ဦးတို့၏ ၂၀၂၀ ခုနှစ်၊ မေလ (၁၉)ရက်နေ့ နံနက်ပိုင်းက ရရှိသည့် ဓါတ်ခွဲအဖြေများတွင် မိုင်းဖြတ်မြို့က အတည်ပြုလူနာ (Case 64) မှလွဲ၍ ကျန်(၄)ဦးမှာ ပိုးမတွေ့ရကြောင်း သိရသည်။

တာချီလိတ်ဆေးရုံက စောင့်ကြည့်လူနာ (၁)ဦး၊ ကျိုင်းတုံဆေးရုံက စောင့်ကြည့်လူနာ (၂)ဦးနဲ့ အတည်ပြုလူနာ (Case 112)က Negative ဖြစ်တယ်။ အတည်ပြုလူနာ (Case 64)ကတော့ ပိုးတွေ့ရတယ်

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံဆေးရုံတွင် ကုသမှုခံယူနေဆဲ အတည်ပြုလူနာ (၂)ဦးအနက် Case 64 မှာ (၃)ကြိမ်မြောက် ပြန်လည်ဓါတ်ခွဲစစ်ဆေးမှု၌ ပိုးမတွေ့ရကြောင်း အဖြေရခဲ့ပြီးနောက် ထပ်မံစစ်ဆေးသည့် ယခု (၆)ကြိမ်မြောက်အထိ ပိုးတွေ့ရသည့် ဓါတ်ခွဲအဖြေရရှိနေခြင်းဖြစ်သည်။

Case 112 ဖြစ်သည့် တာချီလိတ်မြို့၏ ဒုတိယမြောက် အတည်ပြုလူနာမှာ ပြန်လည်ဓါတ်ခွဲစစ်ဆေးမှု (၃)ကြိမ်မြောက်တွင် ပိုးမတွေ့ရကြောင်း အဖြေရထားပြီးနောက် (၄)ကြိမ်မြောက်တွင် ပိုးပြန်တွေ့ရကာ ယခု (၅)ကြိမ်မြောက်တွင် ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေရထားခြင်းဖြစ်သည်။

မေလ (၁၉)ရက်နေ့က ဓါတ်ခွဲအဖြေရထားသည့် ကျိုင်းတုံဆေးရုံမှ စောင့်ကြည့်လူနာ (၂)ဦးနှင့် တာချီလိတ်ဆေးရုံ၌ စောင့်ကြည့်လူနာသတ်မှတ်ထားသည့် ဝမ်ပုံမှဝန်ထမ်း (၁)ဦးတို့တွင်လည်း ပိုးမတွေ့ရကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~