တာခ်ီလိတ္ၿမိဳ႕ရိွ ေခြးမ်ားကို ကာကြယ္ေဆးထိုးႏွံႏိုင္ရန္ အလွဴရွင္မ်ားႏွင့္ ညိႇႏိႈင္းေဆာင္ရြက္မည္

တာခ်ီလိတ္ၿမိဳ႕ရိွ ေခြးမ်ားကို ကာကြယ္ေဆးထိုးႏွံႏိုင္ရန္ အလွဴရွင္မ်ားႏွင့္ ညိႇႏိႈင္းေဆာင္ရြက္မည္
မေ 23, 2019
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္းရိွ ေခြးမ်ားကို ကာကြယ္ေဆးထိုးႏွံႏိုင္ရန္အတြက္ တာခ်ီလိတ္ၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ အလွဴရွင္မ်ားႏွင့္ ညိႇႏိႈင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"အစီအစဥ္ေတာ့ ရိွပါတယ္။ ကၽြန္ေတာ္တို႔လက္ထဲမွာ ကာကြယ္ေဆးအရန္သင့္ မရိွေသးလို႔ အလွဴခံရဦးမွာေပါ့။ ကာကြယ္ေဆးက အျပင္မွာ၀ယ္ရင္ေစ်းက အရမ္းႀကီးတာဆိုေတာ့ လူတန္းစားေပါင္းစံု မထိုးႏိုင္ဘူးျဖစ္မွာစိုးလို႔"ဟု တာခ်ီလိတ္ၿမို႕ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ေဒါက္တာေက်ာ္ေက်ာ္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉ခုႏွစ္ ေမလ(၂၃)ရက္ေန႔တြင္ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ တိရိစာၦန္ကုေဆးခန္းမ်ားတြင္ အိမ္ေမြးေခြးမ်ားအား  ေခြးရူးျပန္ကာကြယ္ေဆးကို သတ္မွတ္ႏႈန္းမ်ားျဖင့္ ထိုးႏိုင္ေသာ္လည္း ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနက အလွဴရွင္မ်ားေပၚမူတည္၍ လမ္းေဘးေခြးမ်ားႏွင့္ အိမ္ေမြးေခြးမ်ားကိုပါ ႏွစ္စဥ္အခမဲ့ထိုးႏွံေပးေလ့ရွိေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံတြင္ ေခြးေကာင္ေရ ေလးသန္းခန္႔ရိွမည္ဟု ခန္႔မွန္းထားၿပီး လူေျခာက္ေယာက္လွ်င္ ေခြးတစ္ေကာင္ႏႈန္း ရိွေနကာ ႏွစ္စဥ္ ေခြးကိုက္ခံရသည့္ လူဦးေရမွာ (၁၅,၀၀၀)မွ (၂၀,၀၀၀)ၾကားတြင္ ရိွသည့္အနက္ လူဦးေရ (၂၀၀)ခန္႔မွာ ေခြးရူးေရာဂါ ကူးစက္ခံရေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ အခ်က္အလက္မ်ားအရသိရၿပီး အိမ္ေမြးတိရစၦာန္မ်ားမွတ္ပံုတင္စနစ္ျဖင့္ ေရာဂါကာကြယ္ေရး ထိန္းခ်ဳပ္ႏုိင္ရန္လည္း ႀကိဳးစားေနေၾကာင္း ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနထံမွ သိရသည္။

ေခြးရူးေရာဂါသည္ ေရာဂါကူးစက္ခံရခ်ိန္မွ ပ်မ္းမွ် (၇)ရက္မွ (၁၄)ရက္အတြင္း ေသဆံုုးႏုိင္ၿပီး တိရစၦာန္မ်ားတြင္ ေခြးရူးေရာဂါကူးစက္ခံထားရပါက ရုတ္တရက္အမူအရာမ်ား ေျပာင္းသြားျခင္း၊ ထိုင္းမိႈင္းျခင္း၊ အစာမစားျခင္း၊ တံေတြးမ်ား အလြန္အကၽြံထြက္ျခင္း၊ ဦးတည္ရာမဲ့သြားျခင္း၊ အစာ၊ ေရမ်ိဳခ်ရန္ ခက္ခဲျခင္းစသည့္ လကၡဏာမ်ား ေတြ႔ရမည္ျဖစ္ေၾကာင္း သိရသည္။

ေခြးရူးေရာဂါကူးစက္ခံထားရသည့္ တိရစၦာန္၏ တံေတြးမွ ေရာဂါပိုးကူးစက္ႏုိင္ၿပီး လူတြင္ကူးစက္ခံရသည့္ ေခြးရူးေရာဂါ၏ (၉၉)ရာခိုင္ႏႈန္းမွာ ေခြးကိုက္ခံရျခင္းမွ ကူးစက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေခြးကိုက္ခံရပါက ဒဏ္ရာကို ဆပ္ျပာျဖင့္ ေသခ်ာစြာေဆးေၾကာသန္႔စင္ၿပီး ခ်က္ခ်င္း ကာကြယ္ေဆး ထိုးႏုိင္လွ်င္ အသက္အႏၱရာယ္မွ ကာကြယ္ႏိုင္သျဖင့္ ေခြးကိုက္ခံရလွ်င္ ေဆးဘက္ဆုိင္ရာဆရာဝန္ထံ ကုသမႈခံယူရန္ လိုအပ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင်းရှိ ခွေးများကို ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် တာချီလိတ်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အလှူရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"အစီအစဉ်တော့ ရှိပါတယ်။ ကျွန်တော်တို့လက်ထဲမှာ ကာကွယ်ဆေးအရန်သင့် မရှိသေးလို့ အလှူခံရဦးမှာပေါ့။ ကာကွယ်ဆေးက အပြင်မှာဝယ်ရင်ဈေးက အရမ်းကြီးတာဆိုတော့ လူတန်းစားပေါင်းစုံ မထိုးနိုင်ဘူးဖြစ်မှာစိုးလို့"ဟု တာချီလိတ်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ခုနှစ် မေလ(၂၃)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် တိရိစာ္ဆန်ကုဆေးခန်းများတွင် အိမ်မွေးခွေးများအား ခွေးရူးပြန်ကာကွယ်ဆေးကို သတ်မှတ်နှုန်းများဖြင့် ထိုးနိုင်သော်လည်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အလှူရှင်များပေါ်မူတည်၍ လမ်းဘေးခွေးများနှင့် အိမ်မွေးခွေးများကိုပါ နှစ်စဉ်အခမဲ့ထိုးနှံပေးလေ့ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ခွေးကောင်ရေ လေးသန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး လူခြောက်ယောက်လျှင် ခွေးတစ်ကောင်နှုန်း ရှိနေကာ နှစ်စဉ် ခွေးကိုက်ခံရသည့် လူဦးရေမှာ (၁၅,ဝဝဝ)မှ (၂၀,ဝဝဝ)ကြားတွင် ရှိသည့်အနက် လူဦးရေ (၂၀၀)ခန့်မှာ ခွေးရူးရောဂါ ကူးစက်ခံရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အချက်အလက်များအရသိရပြီး အိမ်မွေးတိရစ္ဆာန်များမှတ်ပုံတင်စနစ်ဖြင့် ရောဂါကာကွယ်ရေး ထိန်းချုပ်နိုင်ရန်လည်း ကြိုးစားနေကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနထံမှ သိရသည်။

ခွေးရူးရောဂါသည် ရောဂါကူးစက်ခံရချိန်မှ ပျမ်းမျှ (၇)ရက်မှ (၁၄)ရက်အတွင်း သေဆုံးနိုင်ပြီး တိရစ္ဆာန်များတွင် ခွေးရူးရောဂါကူးစက်ခံထားရပါက ရုတ်တရက်အမူအရာများ ပြောင်းသွားခြင်း၊ ထိုင်းမှိုင်းခြင်း၊ အစာမစားခြင်း၊ တံတွေးများ အလွန်အကျွံထွက်ခြင်း၊ ဦးတည်ရာမဲ့သွားခြင်း၊ အစာ၊ ရေမျိုချရန် ခက်ခဲခြင်းစသည့် လက္ခဏာများ တွေ့ရမည်ဖြစ်ကြောင်း သိရသည်။

ခွေးရူးရောဂါကူးစက်ခံထားရသည့် တိရစ္ဆာန်၏ တံတွေးမှ ရောဂါပိုးကူးစက်နိုင်ပြီး လူတွင်ကူးစက်ခံရသည့် ခွေးရူးရောဂါ၏ (၉၉)ရာခိုင်နှုန်းမှာ ခွေးကိုက်ခံရခြင်းမှ ကူးစက်ခြင်းဖြစ်ကြောင်း သိရသည်။

ခွေးကိုက်ခံရပါက ဒဏ်ရာကို ဆပ်ပြာဖြင့် သေချာစွာဆေးကြောသန့်စင်ပြီး ချက်ချင်း ကာကွယ်ဆေး ထိုးနိုင်လျှင် အသက်အန္တရာယ်မှ ကာကွယ်နိုင်သဖြင့် ခွေးကိုက်ခံရလျှင် ဆေးဘက်ဆိုင်ရာဆရာဝန်ထံ ကုသမှုခံယူရန် လိုအပ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net