တာချီလိတ်ရှိ ဓါတ်တိုင်များတွင် သွယ်တန်းထားသည့် အင်တာနက်ကြိုးများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး

တာချီလိတ်ရှိ ဓါတ်တိုင်များတွင် သွယ်တန်းထားသည့် အင်တာနက်ကြိုးများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး
ဒီဇင်ဘာ 25, 2019
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

တာချီလိတ်ရှိ ဓါတ်တိုင်များတွင် သွယ်တန်းထားသည့် အင်တာနက်ကြိုးများနှင့် ပတ်သက်၍ 
တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊  ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ အာခါဈေးအနီး ဓာတ်တိုင်များမှာ သွယ်တန်းထားတဲ့ အင်တာနက်ကြိုးတွေမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့အတွက် တာချီလိတ်မြို့မီးလင်းရေးကော်မတီနဲ့ အင်တာနက်ကုမ္ပဏီတွေ ၂၀၁၉ခုနှစ် ဒီဇင်ဘာ (၂၃) ရက်နေ့နေ့လည်ပိုင်းက မီးလင်းရေးကော်မတီရုံးရဲ့ အစည်းအဝေးခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အင်တာနက်ကုမ္ပဏီတွေဘက်က ပညာရှင်တွေနဲ့ မီးလင်းရေးဘက်ကပညာရှင်တွေ ဘယ်လိုပေါင်းစပ်အဖြေရှာမလည်းဆိုတာ ဆွေးနွေးခဲ့ပြီးတော့ စည်းကမ်းချက်တွေထပ်တိုးဖို့ရှိတယ်လို့ တာချီလိတ်မြို့မီးလင်းရေးကော်မတီရဲ့ ဥက္ကဌ ဖြစ်သူ ဦးတင်လှိုင်ကပြောပါတယ်။

မီးလင်းရေးနဲ့ အင်တာနက်ကုမ္ပဏီတွေပူးပေါင်းပြီးမှ ကွင်းဆင်း စစ်ဆေးပြီး မီးကြိုးတွေကြားမှာရှိတဲ့ အင်တာနက်ကြိုးတွေ ရှင်းလင်းဖို့ အပါအဝင် စည်းကမ်းချက်အသစ်တွေ ဆွေးနွေးခဲ့တယ်လို့ Myanmar Network(Im-Net)မှ HR မန်နေဂျာ ဦးထွန်းထွန်းဦးက ပြောပါတယ်။
         
တာချီလိတ်မြို့မီးလင်းရေးကော်မတီအနေနဲ့ မြို့တွင်းဓာတ်တိုင်တွေမှာ အင်တာကြိုးသွယ်တန်းခအဖြစ် တိုင် (၁) တိုင်ကို (၅) ဘတ်နှုန်း၊ မြို့ပြင် တစ် ကီလိုမီတာကို ကျပ် (၂,၁၀၀၀) နှုန်းနဲ့ အင်တာနက်ကုမ္ပဏီ (၉) စာချုပ်ချုပ်ဆိုထားပြီး အဲ့ဒီ ကုမ္ပဏီတွေကနေ  လစဉ်ကောက်ခံနေပြီး စည်းကမ်းချက်အသစ်တွေနဲ့ စာချုပ် ထပ်မံချုပ်ဆိုဖို့ ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဆွေးနွေးဖို့ရှိနေပါတယ်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~