မိုင်းဆတ်မြို့သို့ လေယာဉ်ဖြင့် လိုက်ပါလာသည့် ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီးသူ (၃)ဦးတွင် Covid-19 ပိုးတွေ့၊ အိုမီခရွန်ဟု ယူဆ

မိုင်းဆတ်မြို့သို့ လေယာဉ်ဖြင့် လိုက်ပါလာသည့် ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီးသူ (၃)ဦးတွင် Covid-19 ပိုးတွေ့၊ အိုမီခရွန်ဟု ယူဆ
ဖေဖော်ဝါရီ 9, 2022 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါလာသူများထဲက (၃)ဦးတွင် Covid-19 တွေ့ရှိပြီး အိုမီခရွန်ဟု ယူဆရသည့်အတွက် လေယာဉ်တစ်စီးတည်း စီးလာသူများအနေဖြင့်  ကျန်းမာရေးဌာနသို့ အမြန်ဆုံး လာရောက်ပြီး စစ်ဆေးမှုခံယူရန် မိုင်းဆတ်ကျန်းမာရေးက အသိပေးထားရှိသည်။

ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် ရန်ကုန်မှ မိုင်းဆတ်သို့ မြန်မာအမျိုးသားလေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ရာ ကျန်ရှိသူများအနေဖြင့် အမြန်ဆုံး Covid-19 စစ်ဆေးမှုခံယူနိုင်ရန် အသိပေးထားခြင်းဖြစ်သည်။

ပိုးတွေ့သည့်  (၃)ဦးသည်  ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီးသားဖြစ်ကြောင်း မိုင်းဆတ်ကျန်းမာရေးဌာနထံက သိရသည်။

မိုင်းဆတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အလက(၁)တွင် ဖေဖော်ဝါရီလ(၇)ရက်နေ့က ကျောင်းသူ (၂)ဦး နှင့် ဖေဖော်ဝါရီလ(၈)ရက်နေ့က ကျောင်းသူ(၁)ဦးတို့တွင် Covid-19 တွေ့ရှိထားကြောင်းလည်း သိရသည်။

မိုင်းဆတ်မြို့တွင် ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့ ညနေ(၃)နာရီအချိန်အထိ Covid-19 ပိုးတွေ့ရှိရသူ စုစုပေါင်း (၁၈၈၉)ဦးရှိနေပြီး နေအိမ်ပြန်ခွင့်ရရှိသွားသူမှာ (၁၈၇၉)ဦးရှိနေကာ သေဆုံးသူမှာ (၁၂)ဦးရှိကြောင်း သိရသည်။