သီပေါမှ စိတ်ကြွဆေးပြား (၃၀၀၀)ကျော်သယ်လာသူ နှစ်ဦးကို ကျောက်မဲမြို့အဝင်တွင် ဖမ်းမိ

သီပေါမှ စိတ်ကြွဆေးပြား (၃၀၀၀)ကျော်သယ်လာသူ နှစ်ဦးကို ကျောက်မဲမြို့အဝင်တွင် ဖမ်းမိ
ဇူလိုင် 5, 2020
By 🌸

သီပေါမှ စိတ်ကြွဆေးပြား (၃၀၀၀)ကျော်သယ်လာသူ နှစ်ဦးကို ကျောက်မဲမြို့အဝင်တွင် ဖမ်းမိ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် မြို့အဝင်တိုးဂိတ်အနီး၌ သီပေါဘက်မှ စိတ်ကြွဆေးပြား (၃၃၀၀) ကို ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသော အမျိုးသား (၂) ဦးအား ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၄)ရက် ညနေပိုင်းတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးရမိသည်။

သီပေါဘက်မှ ကျောက်မဲဘက်သို့လာသည့် မော်တော်ဆိုင်ကယ်တစ်စီးနှင့် အမျိုးသား (၂) ဦးကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာမှ စိတ်ကြွရူးသွပ်ဆေးပြား (၃၃၀၀) ပြားကို တွေရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများတွေ့ရသဖြင့် ဆိုင်ကယ် မောင်းနှင်လာသည့် လှိုင်မိုးဝင်းနှင့် မျိုးအောင်တို့ကို ကျောက်မဲမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ -ရဲတပ်ဖွဲ့


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~