တာခ်ီလိတ္ႏွင့္ က်ိဳင္းတံုၿမိဳ႕မ်ားတြင္ ပညာေရးေဟာေျပာပြဲမ်ားက်င္းပမည္ျဖစ္၍ မည္သူမဆို တက္ေရာက္ႏုိင္

တာခ်ီလိတ္ႏွင့္ က်ိဳင္းတံုၿမိဳ႕မ်ားတြင္ ပညာေရးေဟာေျပာပြဲမ်ားက်င္းပမည္ျဖစ္၍ မည္သူမဆို တက္ေရာက္ႏုိင္
မေ 16, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပုိင္း၊ တာခ်ီလိတ္ၿမိဳ႕ႏွင့္ က်ိဳင္းတံုၿမိဳ႕တို႔တြင္ ပုဂၢလိကေက်ာင္းတစ္ခုျဖစ္သည့္ City College Yangon က ပညာေရးေဟာေျပာပြဲက်င္းပမည္ျဖစ္၍ မည္သူမဆိုတက္ေရာက္ ေလ့လာႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

“ ဘာသာရပ္ေရြးခ်ယ္မႈ၊ ပညာသင္ဆုအခြင့္အလမ္း၊ ကမၻာမွာေျပာင္းလဲလာေနတဲ့ ပညာေရးအေျခအေနေတြကို ေျပာပါမယ္။ မိဘ၊ ေက်ာင္းသား၊ ဆရာမ်ား ဗဟုသုတရဖို႔ တက္သင့္ပါတယ္”ဟု City College Yangon ၏ Principal ေဒါက္တာ ခင္ေအာင္သန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါပညာေရးေဟာေျပာပြဲမ်ားကို တာခ်ီလိတ္ၿမိဳ႕၊ ေအာင္ျမတ္ခန္းမတြင္ ၂၀၁၉ ခုႏွစ္၊ ေမလ (၁၈)ရက္ေန႔၌ နံနက္(၉)နာရီမွ ေန႔လယ္(၁၂)နာရီအထိလည္းေကာင္း၊ ေမလ (၁၉)ရက္ေန႔၌ က်ိဳင္းတံုၿမိဳ႕ တုိင္းလိခန္းမ၌ ေန႔လယ္ (၁၂)နာရီမွ ညေန (၃)နာရီအထိလည္းေကာင္း က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်နှင့် ကျိုင်းတုံမြို့များတွင် ပညာရေးဟောပြောပွဲများကျင်းပမည်ဖြစ်၍ မည်သူမဆို တက်ရောက်နိုင်
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့တို့တွင် ပုဂ္ဂလိကကျောင်းတစ်ခုဖြစ်သည့် City College Yangon က ပညာရေးဟောပြောပွဲကျင်းပမည်ဖြစ်၍ မည်သူမဆို တက်ရောက်လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ ဘာသာရပ်ရွေးချယ်မှု၊ ပညာသင်ဆုအခွင့်အလမ်း၊ ကမ္ဘာမှာပြောင်းလဲလာနေတဲ့ ပညာရေးအခြေအနေတွေကို ပြောပါမယ်။ မိဘ၊ ကျောင်းသား၊ ဆရာများ ဗဟုသုတရဖို့ တက်သင့်ပါတယ်”ဟု City College Yangon ၏ Principal ဒေါက်တာ ခင်အောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါပညာရေးဟောပြောပွဲများကို တာချီလိတ်မြို့၊ အောင်မြတ်ခန်းမတွင် ၂၀၁၉ ခုနှစ်၊ မေလ (၁၈)ရက်နေ့၌ နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအထိလည်းကောင်း၊ မေလ (၁၉)ရက်နေ့၌ ကျိုင်းတုံမြို့ တိုင်းလိခန်းမ၌ နေ့လယ် (၁၂)နာရီမှ ညနေ (၃)နာရီအထိလည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net