ကျိုင်းတုံမြို့တွင် ရဲတစ်စုက အမျိုးသား(၂)ဦးကို ကားဖြင့်လိုက်တိုက်ပြီး ရိုက်နှက်ဖမ်းဆီး

ကျိုင်းတုံမြို့တွင် ရဲတစ်စုက အမျိုးသား(၂)ဦးကို ကားဖြင့်လိုက်တိုက်ပြီး ရိုက်နှက်ဖမ်းဆီး
မေ 27, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဈေးအနောက်ဖက်ရှိ ယာဉ်ထိန်းရဲရုံးအနီးတွင် မေလ(၂၆)ရက်နေ့ ညပိုင်းက အမျိုးသား(၂)ဦးကို ရဲများက ကားဖြင့်လိုက်တိုက်ပြီး ဝိုင်းဝန်း ရိုက်နှက်ကာ  ဖမ်ဆီးသွားကြောင်း သိရသည်။

၂၀၂၁ခုနှစ် မေလ(၂၆)ရက်နေ့ ည(၁၁)နာရီ(၂၁)မိနစ်အချိန်က  အမျိုးသား(၂)ဦးကို ကားဖြင့် လိုက်တိုက်ဖမ်းဆီးပြီး ရဲများက ဆဲဆိုကာ ဝိုင်းရိုက်နှိက်မှုများ လုပ်ဆောင်ရာတွင် တစ်ဦးမှာ မျက်နှာတွင် သွေးများထွက်နေပြီး နောက်တစ်ဦးမှာလဲကျသွားပြီးရာ  ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

#TachileikNewsAgency

Photo: CJ