ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံရသူ (၂)ဦး ထပ်တိုး၍ (၉)ရက်အတွင်း (၁၀)ဦးအထိ ရှိလာ

ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံရသူ (၂)ဦး ထပ်တိုး၍ (၉)ရက်အတွင်း (၁၀)ဦးအထိ ရှိလာ
သြဂုတ် 24, 2022 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ဩဂုတ်လ(၂၄)ရက်နေ့၏ စစ်ဆေးချက်အရ Covid-19 ကူးစက်ခံထားရသူ (၂)ဦး ထပ်တိုးတွေ့ရှိ၍ (၉)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူ (၁၀)ဦး အထိရှိလာကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် ဩဂုတ်လ(၂၄)ရက်နေ့တွင် ကျန်းမာရေးဌာနက ထိတွေ့သူများ နှင့် သံသယများ စုစုပေါင်း (၇၅)ဦးကို စစ်ဆေးရာတွင် ကျိုင်းတုံမြို့ ရပ်ကွက်(၄)၊ မြို့သစ် နှင့် မိုင်းဇင်းကျေးရွာအုပ်စု ဟွေခါးကျေးရွာတို့မှ အမျိုးသမီး(၂)ဦးတွင် Covid-19 ထပ်တိုးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့မှ ဩဂုတ်လ(၂၄)ရက်နေ့အထိ လူပေါင်း (၃၃၄)ဦးကို စစ်ဆေးခဲ့ရာမှ (၁၀)ဦးတွင် Covid-19 ပိုးတွေ့ပြီး ထို(၁၀)ဦးထဲမှ အမျိုးသားတစ်ဦးမှာ ဩဂုတ်လ(၂၁)ရက်နေ့တွင် ကျိုင်းတုံဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။