မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ နှစ်သစ်ကူးကြိုဆိုပွဲ မယ်ဆိုင်တွင် ကျင်းပ

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ နှစ်သစ်ကူးကြိုဆိုပွဲ မယ်ဆိုင်တွင် ကျင်းပ
ဇန်နဝါရီ 1, 2020
By 🌸
မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ နှစ်သစ်ကူးကြိုဆိုပွဲ မယ်ဆိုင်တွင် ကျင်းပ

မြန်မာ - ထိုင်း နှစ်နိုင်ငံ နှစ်သစ်ကူး ကြိုဆိုပွဲကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်ခြမ်းတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့ ညပိုင်း၌ ကျင်းပရာ တာချီလိတ်နှင့် မယ်ဆိုင်မှ တာဝန်ရှိသူများနှင့် ပြည်သူများ တက်ရောက်ဆင်နွှဲကြသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်နှင့် မယ်ဆိုင်တွင် နှစ်သစ်ကူးည နှစ်နိုင်ငံ လည်ပတ်သွားလာသူများအတွက် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားကို နံနက် (၁)နာရီခွဲအထိ အချိန်တိုးမြှင့် ဖြတ်သန်းခွင့်ပြုထားသည်။

တာချီလိတ်မြို့တွင် ယခင်နှစ်များက နှစ်သစ်ကူးပွဲများကျင်းပလေ့မရှိသဖြင့် နှစ်သစ်ကူးပွဲဆင်နွှဲလိုသူများက မယ်ဆိုင်မြို့သို့ သွားရောက်လည်ပတ်လေ့ရှိပြီး ၂၀၁၉ ခုနှစ်မှစ၍ တာချီလိတ်မြို့၌ နှစ်သစ်ကူးကြိုပွဲတော်များ ကျင်းပလာကြခြင်းဖြစ်သည်။

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)ကို ယခင်က မြန်မာနိုင်ငံ စံတော်ချိန် နံနက်(၆)နာရီမှ ညနေ(၆)နာရီထိ ဖွင့်လှစ်ပေးနေရာမှ ၂၀၁၄ နှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ နံနက်(၆)နာရီမှ ညနေ(၈)နာရီခွဲအထိ အချိန်တိုးမြှင့်ပြောင်းလဲဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~