တာခ်ီလိတ္ၿမိဳ႕မ သုႆန္အနီးတြင္ လူငယ္တစ္ဦးကို စိတ္ၾကြေဆး၊ ဘိန္းျဖဴတုိ႔ႏွင့္အတူ ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕မ သုႆန္အနီးတြင္ လူငယ္တစ္ဦးကို စိတ္ၾကြေဆး၊ ဘိန္းျဖဴတုိ႔ႏွင့္အတူ ဖမ္းမိ
ဧပြီ 26, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ၿမိဳ႕မသုႆန္အနီးတြင္ လူငယ္တစ္ဦးကို စိတ္ၾကြေဆးျပား (၂၁၀)ျပား၊ ဘိန္းျဖဴ (၁၂.၅)ဂရမ္ျဖင့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၅)ရက္ေန႔ ည (၁၁)နာရီခြဲက ဖမ္းဆီးရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ နယ္ေျမလွည့္ကင္းေဆာင္ရြက္စဥ္ ဝမ္ေကာင္းရပ္ကြက္ ၿမိဳ႕ပတ္လမ္း၊ သုႆန္အနီးတြင္ လူငယ္တစ္ဦးအား စစ္ေဆးရာ စိတ္ၾကြေဆးျပား (၂၁၀)ျပားႏွင့္ ဘိန္းျဖဴ (၁၂.၅)ဂရမ္ကို ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ အသက္ (၂၅)ႏွစ္အရြယ္ ေအာင္မ်ိဳးႏုိင္(ခ) လားဟူေလးကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၄၈/၂၀၁၉၊ မူး/စိတ္ပုဒ္မ-၁၉(က)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ၿမိဳ႕မသုႆန္အနီးတြင္ အိမ္ေျခမဲ့ေနထုိင္သူမ်ား၊ မူးယစ္ေဆးဝါးသံုးစြဲသူမ်ား လာေရာက္ခိုေအာင္းေနထုိင္ေလ့ရိွသျဖင့္ သက္ဆုိင္ရာအဖြဲ႕က ေနရပ္ျပန္ပို႔ျခင္းကို မၾကာခဏလုပ္ေဆာင္ေနရျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ဝမ္ေကာင္းရပ္ကြက္ရံုး

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့မ သုဿန်အနီးတွင် လူငယ်တစ်ဦးကို စိတ်ကြွဆေး၊ ဘိန်းဖြူတို့နှင့်အတူ ဖမ်းမိ
***************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မြို့မသုဿန်အနီးတွင် လူငယ်တစ်ဦးကို စိတ်ကြွဆေးပြား (၂၁၀)ပြား၊ ဘိန်းဖြူ (၁၂.၅)ဂရမ်ဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၅)ရက်နေ့ ည (၁၁)နာရီခွဲက ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်းဆောင်ရွက်စဉ် ဝမ်ကောင်းရပ်ကွက် မြို့ပတ်လမ်း၊ သုဿန်အနီးတွင် လူငယ်တစ်ဦးအား စစ်ဆေးရာ စိတ်ကြွဆေးပြား (၂၁၀)ပြားနှင့် ဘိန်းဖြူ (၁၂.၅)ဂရမ်ကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် အသက် (၂၅)နှစ်အရွယ် အောင်မျိုးနိုင်(ခ) လားဟူလေးကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၄၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

မြို့မသုဿန်အနီးတွင် အိမ်ခြေမဲ့နေထိုင်သူများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ လာရောက်ခိုအောင်းနေထိုင်လေ့ရှိသဖြင့် သက်ဆိုင်ရာအဖွဲ့က နေရပ်ပြန်ပို့ခြင်းကို မကြာခဏလုပ်ဆောင်နေရခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ဝမ်ကောင်းရပ်ကွက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net