တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့်(၉၆)ကြိမ်မြောက် TBC အစည်းအဝေးတွင် ဒေသအရေး ဆွေးနွေး

တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့်(၉၆)ကြိမ်မြောက် TBC အစည်းအဝေးတွင် ဒေသအရေး ဆွေးနွေး
ဒီဇင်ဘာ 19, 2019
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင်  မြို့နယ်အဆင့်(၉၆)ကြိမ်မြောက် TBC အစည်းအဝေးတွင် 
ဒေသအရေး ဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကြား မြို့နယ်အဆင့် မြန်မာ - ထိုင်းနယ်ခြားကော်မတီ၏ (၉၆) ကြိမ်မြောက်အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်ရှိ မယ့်ဖားလုံတက္ကသိုလ်အစည်းအဝေး ခန်းမတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့က ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနှင့် ထိုင်းနယ်ခြားကော်မတီ တာဝန်ရှိသူများက မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)မှနေ၍ ခရီးသည်တင်ယာဉ်ငယ်များနှင့် အိမ်သုံးယာဉ်ငယ်များ ဖြတ်သန်းခွင့်၊ နှစ်နိုင်ငံတွင် ထွက်ပြေးတိမ်းရှောင် တရားခံများ ဖမ်းဆီးရေးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ်တွင်  နှစ်စဉ် ဇန်နဝါရီလမှ ဧပြီလအထိ ကြုံတွေ့ရလေ့ရှိသည့် မီးခိုးမြူကိစ္စဖြေရှင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးကြကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား(၁)မှ ယာဉ်ကြောပိတ်ဆို့မှုလျှော့ချနိုင်ရေးအတွက် လူနာတင်ယာဉ်များနှင့် ကျောင်းကြိုပို့ ယာဉ်များကို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)မှ သွားလာခွင့်ပြုခြင်းကိုလည်း ထိုင်းနိုင်ငံဘက်မှ ကျေးဇူးတင်ကြောင်း ထည့်သွင်းဆွေးနွေးသွားကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~