တာချီလိတ် အရှေ့မြို့ရှောင်လမ်းမှာ မြေပိုင်ရှင်အချို့ လမ်းနယ်နိမိတ်နဲ့ပတ်သတ်ပြီး ကန့်ကွက်မှုအချို့ရှိနေ

တာချီလိတ် အရှေ့မြို့ရှောင်လမ်းမှာ မြေပိုင်ရှင်အချို့ လမ်းနယ်နိမိတ်နဲ့ပတ်သတ်ပြီး ကန့်ကွက်မှုအချို့ရှိနေ
ဒီဇင်ဘာ 26, 2019
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

တာချီလိတ် အရှေ့မြို့ရှောင်လမ်းမှာ  မြေပိုင်ရှင်အချို့ လမ်းနယ်နိမိတ်နဲ့ပတ်သတ်ပြီး 
ကန့်ကွက်မှုအချို့ရှိနေ

တာချီလိတ်မြို့မှာ အကောင်အထည်ဖော်နေတဲ့ အရှေ့မြို့ရှောင်လမ်းအတွက် လမ်းအူကြောင်းဖောက်လုပ်ရာမှာ မြေပိုင်ရှင်အချို့က လမ်းနယ်နိမိတ်နဲ့ပတ်သတ်ပြီး ကန့်ကွက်မှုအချို့ရှိနေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့က မြေပြင်ကွင်းဆင်းညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကွင်းဆင်းတိုင်းတာချိန်မှာ ခြုံတွေ၊ ခြံတွေရှိနေလို့ မမျှော်မှန်းနိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နေတာလို့ တာချီလိတ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ပြောပါတယ်။

ဒီလမ်းဖောက်လုပ်ရာမှာ မြေပိုင်ရှင်တွေအနေနဲ့ ဝန်းဝိုင်း ကူညီပေးကြဖို့ တာချီလိတ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က မေတ္တာရပ်ခံလိုက်ပါတယ်။

တာချီလိတ်မြို့ရှောင်လမ်းဖေါက်လုပ်ဖို့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရဲ့ ပြည်နယ်ဘဏ္ဍာရန်ပုံငွေကနေ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်းပေါင်း (၁၃၄၃)သန်းကို ခွင့်ပြုပေးထားခြင်းဖြစ်ပြီးတော့ ဒီဇင်ဘာလ (၁)ရက်နေ့က စပြီး မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားအနီးကနေ စက်မှုဇုန်အနီး အထိ မယ်ဆိုင်ချောင်းတစ်လျှောက် (၄) မိုင်အရှည်ဖောက်လုပ်နေတာဖြစ်ပါတယ်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~