COVID 19 ကာလအတွင်း တာချီလိတ် - မယ်ဆိုင်အကြား ယာဉ်မောင်းလဲလှယ် မောင်းနှင်သည့်စနစ်အတိုင်း ထိုင်းနိုင်ငံ၏ အခြားနယ်စပ်ဂိတ်များတွင် ဆောင်ရွက်မည်

COVID 19 ကာလအတွင်း တာချီလိတ် - မယ်ဆိုင်အကြား ယာဉ်မောင်းလဲလှယ် မောင်းနှင်သည့်စနစ်အတိုင်း ထိုင်းနိုင်ငံ၏ အခြားနယ်စပ်ဂိတ်များတွင် ဆောင်ရွက်မည်
အောက်တိုဘာ 14, 2020
By Tachileik News Agency
COVID 19 ကာလအတွင်း တာချီလိတ် - မယ်ဆိုင်အကြား ယာဉ်မောင်းလဲလှယ် မောင်းနှင်သည့်စနစ်အတိုင်း ထိုင်းနိုင်ငံ၏ အခြားနယ်စပ်ဂိတ်များတွင် ဆောင်ရွက်မည်
တာချီလိတ် - မယ်ဆိုင်ကြားတွင် ကျင့်သုံးနေသည့် ယာဉ်မောင်းလဲလှယ်သည့်စနစ်ကို နမူနာယူ၍ ထိုင်းနိုင်ငံ၏ နှစ်နိုင်ငံနယ်စပ်ဂိတ်များတွင် COVID 19 ကာလအတွင်း အလားတူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“မြဝတီ-မဲဆောက်မှာ ဖြစ်သွားတဲ့ ကုန်စည်စီးဆင်းမှုကိစ္စနဲ့ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံဘက်က တာချီလိတ်-မယ်ဆိုင်ကို နမူနာယူပြီးတော့ ယာဉ်မောင်းချိန်းတဲ့ကိစ္စကို စံပြတစ်ခုအနေနဲ့သတ်မှတ်ပြီးတော့ ဆောင်ရွက်တယ်ပေါ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့တွေကို ဒီလိုမျိုးဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောသွားတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ နယ်စပ်တွေအကုန်လုံးမှာ ဒီဟာကိုနမူနာယူပြီးတော့ ဆောင်ရွက်သွားမယ်ပေါ့။ စံပြဖြစ်သွားတာပေါ့”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့၌ ပြောသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့အကြား COVID-19 ရောဂါကာကွယ်ရေးအတွက် မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ် (၂) တံတားမှ ဖြတ်သန်းသည့် ကုန်တင်ယာဉ်များကို ယာဉ်မောင်းလဲလှယ်မောင်းနှင်သည့်စနစ်အား ၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်း စတင်ကျင့်သုံးခဲ့ခြင်းဖြစ်သည်။
တာချီလိတ်မြို့ရှိ ရွှေနန်းတော်ကုန်တိုက်တွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို မဲဆိုင်မြို့ပိုင်နှင့်အဖွဲ့က ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့တွင် အလွတ်သဘောလာရောက်တွေ့ဆုံခဲ့ပြီး လက်ရှိဖြစ်ပွားနေသည့် COVID-19 ရောဂါအခြေအနေနှင့် နှစ်နိုင်ငံမြို့နယ်အဆင့်နယ်ခြားကော်မတီ(TBC) အစည်းအဝေးကို အောက်တိုဘာ (၁၅) ရက်နေ့၌ တာချီလိတ်မြို့တွင်ကျင်းပရန် ဆွေးနွေးသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ -ဦးထွန်း(မယ်ဆိုင်)

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~