ေလယာဥ္တစ္စီးေျပးလမ္းေခ်ာ္၍ (၂)နာရီေက်ာ္ပိတ္ထားရသည့္ ရန္ကုန္ အျပည္ျပည္ဆုိင္ရာေလဆိပ္ ည (၉)နာရီေက်ာ္တြင္ ျပန္လည္ဖြင့္လွစ္

ေလယာဥ္တစ္စီးေျပးလမ္းေခ်ာ္၍ (၂)နာရီေက်ာ္ပိတ္ထားရသည့္ ရန္ကုန္ အျပည္ျပည္ဆုိင္ရာေလဆိပ္ ည (၉)နာရီေက်ာ္တြင္ ျပန္လည္ဖြင့္လွစ္
မေ 8, 2019
By Tachileik News Agency

ဘီမန္ဘဂၤလားေဒ့ရွ္ေလေၾကာင္းလုိင္းပိုင္ ခရီးစဥ္အမွတ္ BG-060 ေလယာဥ္ ေျပးလမ္းေခ်ာ္သြားသျဖင့္ ေလယာဥ္အတက္အဆင္း ေခတၱပိတ္ထားရသည့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ည (၉)နာရီ (၁)မိနစ္တြင္ ျပန္လည္ဖြင့္လွစ္လုိက္ၿပီျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္သို႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံ ဒါကာၿမိဳ႕ Hazrat Shah Jalal International Airport မွ ပ်ံသန္းလာသည့္ ဘီမန္ဘဂၤလားေဒ့ရွ္ေလေၾကာင္းလုိင္းပိုင္ ခရီးစဥ္အမွတ္ BG-060 ေလယာဥ္သည္ ၂၀၁၉ ခုႏွစ္၊ ေမလ (၈)ရက္ေန႔ ညေန (၆) နာရီ မိနစ္ (၅၀)ခန္႔က လမ္းေခ်ာ္သြားၿပီး ထိခုိက္ဒဏ္ရာရမႈမ်ား ရိွေၾကာင္း  Bangladesh Aviation Hub မွ ည(၈)နာရီ (၂၈)မိနစ္တြင္ သတင္းထုတ္ျပန္ထားသည္။

ေလယာဥ္သည္ ေျပးလမ္းအမွတ္ (၂၁) တြင္ လမ္း၏ဝဲဘက္အျခမ္းသို႔ လမ္းေခ်ာ္သြားျခင္းျဖစ္ၿပီး ထိခုိက္ဒဏ္ရာရသူမ်ားကို ေဆးရံုသို႔ပို႔ေဆာင္ထားေၾကာင္းႏွင့္ အဆိုပါျဖစ္စဥ္ေၾကာင့္ ေသဆံုးသူမရိွေၾကာင္းကိုလည္း သတင္းထုတ္ျပန္ထားျခင္းျဖစ္သည္။

ေလယာဥ္မွာ ေျပးလမ္းေခ်ာ္သြားၿပီး (၃)ပိုင္းေခါက္သြားသည္ကိုေတြ႔ရေၾကာင္း Zaw Min Htun ၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ဓါတ္ပံုမ်ားႏွင့္တင္ထားသည္ကိုေတြ႔ရၿပီး ျပည္တြင္းမွ ထပ္မံဆင္းသက္မည့္ေလယာဥ္မ်ား ေနျပည္ေတာ္သို႔ ျပန္လွည့္သြားရကာ ျပန္ပေလယာဥ္မ်ားလည္း ထုိင္းႏုိင္ငံ ခ်င္းမုိင္တြင္ ျပန္လွည့္၍ ေစာင့္ဆုိင္းေနၾကသည္ဟု ည(၇)နာရီ (၃၁)မိနစ္တြင္ တင္ထားသည္ကို ေတြ႔ရသည္။

ေျပးလမ္းေခ်ာ္ရသည့္အေၾကာင္းရင္းကို မသိရေသးဘဲ ယေန႔ညေနပိုင္းတြင္ ရန္ကုန္ေလဆိပ္ဝန္းက်င္တြင္ ရာသီဥတုဆိုးဝါးေနၿပီး မိုးႀကိဳးမုန္တိုင္းမ်ားရိွေနသည္ဟု သိရသည္။

မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ ည (၆)နာရီ (၁၉)မိနစ္မွွစ၍ (၁၅)မိနစ္အၾကာ ေလယာဥ္အတက္အဆင္းမ်ား ေခတၱ ရပ္ဆိုင္းထားခဲ့ရာမွ ပံုမွန္အတုိင္းျပန္လည္ဖြင့္လုိက္ၿပီးျဖစ္ေၾကာင္းကို ည(၆)နာရီ (၃၈)မိနစ္တြင္ ရန္ကုန္အျပည္အျပည္ဆုိင္ရာေလဆိပ္က သတင္းထုတ္ျပန္ထားျခင္းျဖစ္သည္။

Tachileik News Agency
Source - Bangladesh Aviation Hub
© Photo: Aung Gyi ၊ Yan Myo Thein ၊ YIA၊ Zaw Minn Htun ၊ ကိုေဇာ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဘီမန်ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် BG-060 လေယာဉ် ပြေးလမ်းချော်သွားသဖြင့် လေယာဉ်အတက်အဆင်း ခေတ္တပိတ်ထားရသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ည (၉)နာရီ (၁)မိနစ်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ Hazrat Shah Jalal International Airport မှ ပျံသန်းလာသည့် ဘီမန်ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် BG-060 လေယာဉ်သည် ၂၀၁၉ ခုနှစ်၊ မေလ (၈)ရက်နေ့ ညနေ (၆) နာရီ မိနစ် (၅၀)ခန့်က လမ်းချော်သွားပြီး ထိခိုက်ဒဏ်ရာရမှုများ ရှိကြောင်း Bangladesh Aviation Hub မှ ည(၈)နာရီ (၂၈)မိနစ်တွင် သတင်းထုတ်ပြန်ထားသည်။

လေယာဉ်သည် ပြေးလမ်းအမှတ် (၂၁) တွင် လမ်း၏ဝဲဘက်အခြမ်းသို့ လမ်းချော်သွားခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ထားကြောင်းနှင့် အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူမရှိကြောင်းကိုလည်း သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

လေယာဉ်မှာ ပြေးလမ်းချော်သွားပြီး (၃)ပိုင်းခေါက်သွားသည်ကိုတွေ့ရကြောင်း Zaw Min Htun၏ လူမှုကွန်ယက်စာမျက်နှာတွင် ဓာတ်ပုံများနှင့်တင်ထားသည်ကိုတွေ့ရပြီး ပြည်တွင်းမှ ထပ်မံဆင်းသက်မည့်လေယာဉ်များ နပြေည်တော်သို့ ပြန်လှည့်သွားရကာ ပြန်ပလေယာဉ်များလည်း ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြန်လှည့်၍ စောင့်ဆိုင်းနကြေသည်ဟု ည(၇)နာရီ (၃၁)မိနစ်တွင် တင်ထားသည်ကို တွေ့ရသည်။

ပြေးလမ်းချော်ရသည့်အကြောင်းရင်းကို မသိရသေးဘဲ ယနေ့ညနေပိုင်းတွင် ရန်ကုန်လေဆိပ်ဝန်းကျင်တွင် ရာသီဥတုဆိုးဝါးနပြေီး မိုးကြိုးမုန်တိုင်းများရှိနေသည်ဟု သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ည (၆)နာရီ (၁၉)မိနစ်မှစ၍ (၁၅)မိနစ်အကြာ လေယာဉ်အတက်အဆင်းများ ခေတ္တ ရပ်ဆိုင်းထားခဲ့ရာမှ ပုံမှန်အတိုင်းပြန်လည်ဖွင့်လိုက်ပြီးဖြစ်ကြောင်းကို ည(၆)နာရီ (၃၈)မိနစ်တွင် ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ်က သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

Tachileik News Agency
Source - Bangladesh Aviation Hub
© Photo: Aung Gyi၊ Yan Myo Thein၊ YIA၊ Zaw Minn Htun၊ ကိုဇော်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net