ရှမ်းပြည်နယ်( မြောက်ပိုင်း ) သီပေါ - နမ့်လန် လမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) သီပေါ - နမ့်လန် လမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
စက်တင်ဘာ 28, 2020
By Tachileik News Agency
ရှမ်းပြည်နယ်( မြောက်ပိုင်း ) သီပေါ - နမ့်လန် လမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
ရှမ်းပြည်နယ်( မြောက်ပိုင်း )သီပေါမြို့နယ်၊ သီပေါ - နမ့်လန် လမ်းပိုင်းရှိ ခိုလုံတံတားစစ်ဆေးရေးဂိတ်အနီးတွင် စစ်ဆေးရေးလုပ်ဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သီပေါ - နမ့်လန် လမ်းပိုင်းရှိ ခိုလုံတံတားစစ်ဆေးရေးဂိတ်အနီးတွင် စစ်ဆေးရေးလုပ်ဆောင်နေသည့် မူးယဖစ်တပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီးတစ်ဦးသည် ၂၀၂၀ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့ နေ့လည်(၂)နာရီကျော်ဝန်းကျင်အချိန်ပိုင်းက စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် လူ(၃)ဦး စီးလာသည့် ကားသည် စစ်ဆေးရေးအဖွဲ့ကို တွေ့၍ ပြန်လှည့်လာကာ ယာဉ်နောက်ခန်းမှ အမျိုးသားတစ်ဦးက ဆင်းလာပြီး သေနတ်ဖြင့် (၄)ချက် ပစ်ခတ်ရာမှ ရဲတပ်ကြပ်တစ်ဦး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ပစ်ခတ်မှုကြောင့် မူးယစ်တပ်ဖွဲ့စု( ၂၄ )(လားရှိုး) မှ ရဲတပ်ကြပ်ကြီး အေးလွင်၏ မေးစေ့တွင် ဖေါက်ဝင် ဒဏ်ရာတစ်ချက်ရရှိ သေဆုံးခဲ့ပြီး သေနတ်ဖြင့်ပစ်ခတ်သူအား ရဲတပ်ဖွဲ့က (၄)ချက် ပြန်လည် ပစ်ခတ်ခဲ့ရာ ကားပေါ်မှဆင်း၍ သေနတ်ဖြင့် ပစ်ခတ်သူမှာ ပြည်ထောင်စုလမ်းမကြီး အတိုင်း ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ကျန်ခဲ့သော ကားပေါ်မှ အသက် (၁၆)နှစ်အရွယ်နှင့် အသက် (၂၈)နှစ်အရွယ် (ယာဥ်မောင်း)အမျိုးသား တစ်ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ရမိထားပြီး ထွက်ပြေးသွားသူအား သက်ဆိုင်ရာက လိုက်လံ ရှာဖွေနေကြောင်း သိရသည်။ 
  Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~