သီပေါမြို့တွင် နေအိမ်မီးလောင်ကာ တစ်ဦးသေဆုံး

သီပေါမြို့တွင် နေအိမ်မီးလောင်ကာ တစ်ဦးသေဆုံး

သီပေါမြို့တွင် နေအိမ်မီးလောင်ကာ တစ်ဦးသေဆုံး

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့တွင် အမျိုးသားတစ်ဦးသည် နေအိမ်ကို မီးရှို့ရာမှ သေဆုံးမှုအထိ မတ်လ(၁၀)ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် ညောင်ကိုးပင်ကျေးရွာ၊ အကွက်(၃)တွင် နေထိုင်သူ စိုင်းခမ်းလူဆိုသူသည်  နေအိမ်အခန်းအတွင်းအား   မီးရှို့ရာမှ အိမ်ခန်းတစ်ခုလုံး မီးကူးစက်လောင်ကျွမ်းသွားပြီး  စိုင်းခမ်းလူသည် မှောက်လျက်ဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

စိုင်းခမ်းလူဆိုသူသည်  နေအိမ်အခန်းအတွင်းအား   မီးရှို့နေကြောင်း သတင်းအရ မီးလောင်မှု ဖြစ်ပွားရာသို့ သီပေါမြို့နယ်မီးသတ်တပ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်ပြီး ရွာသူ ရွာသားများနှင့်အတူ ပူးပေါင်း ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ သီပေါမြို့မရဲစခန်းတွင် ပ ၂၃/၂၀၂၁ ရာကြီးပုဒ်မ - ၄၃၆ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။