တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၂)သိန်း ဖမ်းမိ

တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၂)သိန်း ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်း ယမ်းခေါင် - လွယ်စီတုံ သွားသည့် လမ်းပေါ်တွင် ကျပ်သိန်း(၄၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် မှ သိရသည်။



တာချီလိတ်မြို့နယ်အတွင်း မိုင်းဟဲကျေးရွာအုပ်စု၏ ယမ်းခေါင် - လွယ်စီတုံ သွား လမ်းပေါ်တွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များက ၂၀၂၂ခုနှစ် ဇွန်လ(၁၁)ရက်နေ့တွင် စန်းလုကျေးရွာလမ်းဘက်မှ ယမ်းခေါင် ကျေးရွာလမ်းဘက်သို့ မောင်းနှင်လာသည့် ကားအား ရပ်တန့်စစ်ဆေးရာက စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၂)သိန်းကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။



မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ရေပူစမ်းကျေးရွာတွင် နေထိုင်သူ စတီဗင်လား(ရ်)ရီဆန်းကို ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ထားကြောင်း သိရသည်။