ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုရွှေ့ပြောင်းပေးရေးအတွက် မေလ(၁၄)ရက်နေ့တွင် တတိယအကြိမ် ထပ်မံဆွေးနွေးမည်ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုရွှေ့ပြောင်းပေးရေးအတွက် မေလ(၁၄)ရက်နေ့တွင် တတိယအကြိမ် ထပ်မံဆွေးနွေးမည်

ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုရွှေ့ပြောင်းပေးရေးအတွက် မေလ(၁၄)ရက်နေ့တွင် တတိယအကြိမ် ထပ်မံဆွေးနွေးမည်ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုရွှေ့ပြောင်းပေးရေးအတွက် မေလ(၁၄)ရက်နေ့တွင် တတိယအကြိမ် ထပ်မံဆွေးနွေးမည်
မေ 8, 2019
By Tachileik News Agency



ဒုတိယအကြိမ်ဆွေးနွေးပွဲတွင် အသိသက်သေများအနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စည်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်အေးမောင်၊ ကလလတဥက္ကဌ ဦးထွန်းကျော် ၊ ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်းဘီထူး ၊မြို့မိမြို့ဖများ ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။





~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံတွင်းမှ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြးရုပ်တုကို ရွေ့ပြောင်းပေးရန် တောင်းဆိုနေသည့် ကရင်နီလူငယ်သပိတ်ကော်မတီနှင့် ပြည်နယ်အစိုးရတို့၏ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ မေလ (၁၄)ရက်နေ့တွင် ထပ်မံကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဒုတိယအကြိမ်မြောက်ဆွေးနွေးပွဲအဖြစ် မေလ(၇) ရက်နေ့က ကရင်နီလူငယ်သပိတ်ကော်မတီနှင့် ပြည်နယ်အစိုးရတို့ ကိန္နရာဟိုတယ်တွင် တွေ့ဆုံရာ၌ NRPC နှင့် KNPP တို့လည်း တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ရုပ်တုပြောင်းရွှေ့ပေးရေးအတွက် မေလ (၁၄)ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့နှင့် သပိတ်ကော်မတီတို့ တတိယအကြိမ်တွေ့ဆုံရန် သဘောတူညီခဲ့ကြပြီး ဆွေးနွေးမှု မပြီးပြတ်ပါကမေလ (၃၀)ရက်နေ့ နောက်ဆုံးထား၍ ညှိနှိုင်းသွားကြမည်ဖြစ်ကြောင်း ကရင်နီ လူငယ်သပိတ်ကော်မတီအဖွဲ့ဝင် ခူးရီးဒူထံမှ သိရသည်။

ဒုတိယအကြိမ်ဆွေးနွေးပွဲတွင် အသိသက်သေများအနဖြေင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စည်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်အေးမောင်၊ ကလလတဥက္ကဌ ဦးထွန်းကျော်၊ ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်းဘီထူး၊မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ရုပ်တုရွှေ့ပြောင်းပေးရေးတောင်းဆိုချက်နှင့်ပတ်သက်၍ မတ်လ (၂၀)ရက်နေ့က ပထမအကြိမ်ဆွေးနွေးမှုအဖြစ် သပိတ်ကော်မတီ၊ ပြည်နယ်အစိုးရအဖွဲ့၊ NRPC နှင့် KNPP တို့ပါဝင်ခဲ့ပြီး ဒုတိယအကြိမ်မှစ၍ ပြည်နယ်အစိုးရနှင့် သပိတ်ကော်မတီတို့ ဆက်လက်ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net