ကယားပြည်နယ်တွင် ဝက်ရောဂါဖြစ်ပွားမှုကြောင့် ဝက်သားစားသုံးမှု သုံးပုံနှစ်ပုံခန့် ကျဆင်း

ကယားပြည်နယ်တွင် ဝက်ရောဂါဖြစ်ပွားမှုကြောင့် ဝက်သားစားသုံးမှု သုံးပုံနှစ်ပုံခန့် ကျဆင်း
ဇူလိုင် 16, 2020
By 🌸

ကယားပြည်နယ်တွင် ဝက်ရောဂါဖြစ်ပွားမှုကြောင့်  ဝက်သားစားသုံးမှု သုံးပုံနှစ်ပုံခန့် ကျဆင်း

ကယားပြည်နယ်တွင် ရောဂါကြောင့် ဝက်သေဆုံးမှုများဖြစ်၍ ရောဂါကင်းသည့် ဝက်သားထုတ်လုပ်မှုအတွက် သက်ဆိုင်ရာနေ့စဉ်ကြီးကြပ်ပေးနေသော်လည်း ဝက်သားစားသုံးမှုမှာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း သုံးပုံနှစ်ပုံခန့် ကျဆင်းသွားကြောင်း သိရသည်။

“အခုကျွန်တော်တို့ဆီက ဝက်ဒိုင်တွေဆီက အသားတွေကို အရင်ထက်ကို အများကြီး သုံးချိုးတစ်ချိုး လောက်ပဲရောင်းရတယ်ပြောကြတယ်။ ဝက်ရဲ့အခြေနေကို မွေးမြူခြင်းတို့ ကြီးကြပ်ခြင်းတို့ ကျန်းမာရေးနဲ့ညီ ညွှတ်အောင်ထားဖို့တို့က မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနက လုပ်ပါတယ်။ သူတို့က ဒီအကောင်တွေတော့ မရောင်းရ ဘူး။ ဖယ်ဆိုရင် ကျွန်တော်တို့ကဖယ်ပေးရပါတယ်။ စားသုံးရန်သင့်မသင့်ဆိုတာကို မွေးမြူရေးနဲ့ကုသရေး ဦးစီးဌာနက စစ်ဆေးပါတယ်။ စည်ပင်သာယာအပိုင်းအနေနဲ့က ဈေးကွက်ထဲမှာရောင်းချတဲ့အသားဟာ စားသုံးရန် သင့်သော ကျန်းမာရေးနဲ့ညီသောအသားများကိုသာ  ရောင်းချဖို့ နေ့စဉ်စစ်ဆေးတယ်။ ညွှန် လည်းညွှန်ကြား ထားတယ်။ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနနဲ့ပေါင်းပြီးတော့လည်း ဒိုင်တွေမရောင်းခင် ခြံထဲထားထားတဲ့ အထိ ကျွန်တော်တို့နေ့စဉ်ပေါင်းစစ်ပါတယ်။ ဝက်နဲ့အမဲကို ဇောင်းပေးပြီးစစ်တယ်”

ဟု လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးသန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် ဝက်ရောဂါများမှာ တိရစ္ဆာန်မှ လူသို့ ကူးစက်ခြင်းမရှိဘဲ ဝက်အချင်းချင်းသာ ကူးစက်စေသဖြင့် အခြားဝက်များသို့ ကူးစက်ခြင်းမရှိစေရေး ရောဂါပျံံ့ပွားမှုကို ထိန်းချုပ်နေခြင်းဖြစ်ပြီး ဈေးများတွင် ကျန်းမာရေးနှင့် ညီညွတ်ကြောင်း နေ့စဉ်စစ်ဆေးထားသည့် ဝက်သားများကိုသာ ရောင်းချခွင့်ပြုကြောင်း သိရသည်။

” ကျွန်တော်တို့က နေ့စဉ် လွိုင်ကော်မြို့မဈေးနဲ့ နောင်ယားဈေးပေါ့။ နောက်ပြီး လွိုင်လင်လေးပျံကျဈေးတွေမှာ အသားစစ်ဆေးခြင်းတွေကို နေ့စဉ်ဆောင်ရွက်ပေးနေပါတယ်။ အသားစစ်ဆေးတဲ့အခါမှာ အသားသတ် ရောင်းချသူတွေကို အသေကောင်တွေမဝယ်ဖို့။ နာမကျန်းဖြစ်တဲ့အကောင်တွေ မဝယ်ဖို့နဲ့ အဓိကကတော့ နေကောင်းပြီး ကျန်းမာနေတဲ့ကောင်တွေကိုပဲ ဝယ်ပြီးလုပ်ဖို့ သူတို့ဝက်ခြံမှာ အသားမသတ်ခင်မှာ အရင်ဆုံး သိုလှောင်ထားရပါတယ်။ အဲဒီအကောင်တွေကို နေ့စဉ်စစ်တယ်။ စစ်ပြီးတော့ မှသတ်ဖြတ်ရောင်းချခွင့် ပေးထားတဲ့အတွက်ကြောင့် ဒီရောဂါကလည်းလူကိုလုံးဝကူးတဲ့ရောဂါ မဟုတ်ဘူး။ ဝက်ကနေ တခြားဝက်တွေကို ကူးတဲ့ ရောဂါပဲ ဖြစ်တဲ့အတွက် ပြည်သူတွေ မြို့မဈေးမှာရောင်းချတဲ့အသားတွေကိုတော့ ယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံးလို့ရပါတယ်ခင်ဗျ “

ဟု လွိုင်ကော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတိုးညွှန့် ကပြောသည်။

ကယားပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့သတင်းထုတ်ပြန်ချက်အရ ဇူလိုင်လ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူကျေးရွာတွင် အာဖရိကဝက်အပြင်းဖျားရောဂါဖြင့် ဝက် (၁၂၈)ကောင်၊ ဒီးမော့ဆိုမြို့နယ် ဆီးလီဒုန်း ၊ဆော်ပထန် ၊ဒေါဘူးကူးကျေးရွာ တို့တွင်သာမန်နာမကျန်းဖြင့် ဝက် (၇)ကောင် ၊ ဖရူဆိုမြို့နယ်၊ ခမရ (၄၂၈)နှင့် ထီးတရဲကျေးရွာတွင် သာမန် နာမကျန်းဖြင့် ဝက် (၃)ကောင်၊  ဖားဆောင်းမြို့နယ်၊ တောင်ပိုင်းရပ်ကွက်တွင် သာမန် နာမကျန်းဖြင့် ဝက်(၁)ကောင် နှင့် မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာတွင် သာမန် နာမကျန်းဖြင့် ဝက်(၁) ကောင်တို့သေဆုံးခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~